အမ်မာ ဝပ်ဆန်အား ဂရင်း ပိ(စ်) သံတမန် အဖြစ်ခန့်အပ်ရန် ရာထား

alt

အမ်မာဝပ်ဆန် တယောက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကမာ္ဘလုံးဆိုင်ရာ ဂရင်းပိ(စ်) သံအမတ် အဖြစ်ခန့်အပ် ခံရရန် အလားအလာ များနေကြောင်း သိရသည်။

ဟယ်ရီပေါ့တား ဇာတ်ကားများ အတွင်း မှော်ကဝေမလေး ဟယ်မီရွန် ဂရန်ဂျာ အဖြစ် သရုပ်ဆောင်ခွင့် ရရှိပြီး နောက်ပိုင်း ဟောလီးဝုဒ်အထိ ကျော်ကြားလာသည့် ဗြိတိသျှ ရုပ်ရှင် မင်းသမီးလေးအား ပတ်ဝန်းကျင် ထိန်းသိမ်းရေး တာဝန်ရှိသူ များက ချဉ်းကပ်ခဲ့ကြကြောင်း သတင်းများ ထွက်ပေါ်လျှက် ရှိသည်။

အမ်မာက သူမကိုယ်တိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို အသားပေး ဆောင်ရွက်နေသော်လည်း ထိုကဲ့သို့ သံတမန် တဦးအဖြစ် တာဝန်ယူရန် တွန့်ဆုတ် နေဆဲဟု ဆိုသည်။ သူမ၏ ကျောင်းစာအတွက် ပရောဂျက်အဖြစ် ကမာ္ဘကြီး ပူနွေးလာမှုနှင့် ကက်ထရီနာ ဟာရီကိန်း မုန်တိုင်းတို့အကြောင်း အထူးပြု ဘာသာယူထားသည့် အမ်မာသည် ကိုယ်တိုင်လည်း လျှပ်စစ်ကား ၀ယ်စီးကာ Recycle လုပ်ငန်းများ ဆောင်ရွက်လေ့ရှိသည့် မင်းသမီးလေး ဖြစ်သည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းများကမူ အမ်မာ စိတ်ပါဝင်စားလာအောင် ဆွဲဆောင်ရန် စည်းရုံးနိုင်ရေး အတွက် မည်သို့ပင် ဆိုစေ မျှော်လင့်နေဆဲ  ဖြစ်သည်။

မင်းသမီးလေးသည်  ဉာဏ်ရည် ထက်မြက်သလို ကျောင်းစာတော်ပြီး ရုပ်ရည်လည်း ချောမောသူလေး ဖြစ်ကြောင်း၊ သူမသာ သံတမန်အဖြစ် ဆောင်ရွက်ပါက အလွန် အကျိုးများမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများက အမ်မာအား တစ် ,ပေးထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here