ဇင်ဘာဘွေ ဝန်ကြီးချုပ်၏ မြေးဖြစ်သူ ရေနစ်သေဆုံး

alt

ဇင်ဘာဘွေ နိုင်ငံ ၀န်ကြီးချုပ် မော်ဂန် ဆာဗန်နာဂီရိုင် ၏ အသက် (၂) နှစ်အရွယ် မြေးငယ်လေးသည် ၀န်ကြီးချုပ် အိမ်တော်ရှိ ရေကူးကန် အတွင်း ရေနစ် သေဆုံးလျှက်

တွေ့ရှိခဲ့ကြောင်း ဇင်ဘာဘွေ အာဏာပိုင် များက ပြောကြားလိုက်သည်။

ဧပြီလ (၄) ရက်နေ့က ဟာရာရီမြို့တော် ၀န်ကြီးချုပ် နေအိမ်တွင် ရှောင်၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ကြောင်း ၀န်ကြီးချုပ် ၏ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်က ဧပြီ (၅) ရက်နေ့တွင် ပြည်သူ လူထုအား အသိပေး ကြေညာခဲ့သည်။

သမ္မတ ရောဘတ်မူဂါဘီ ၏ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင် အဖြစ်မှ နိုင်ငံတော် ၀န်ကြီးချုပ် ဖြစ်လာသူ ဆာဗန်နာဂီရိုင် သည် ပြီးခဲ့သော လကမှ ယာဉ်တိုက်မှု တခုအတွင်း ဇနီးသည် သေဆုံးမှုနှင့် ကြုံတွေ့ထားရသူ ဖြစ်သည်။

၀န်ကြီးချုပ်အနေ နှင့် ယခုကဲ့သို့ မြေးငယ်သေဆုံးမှု အတွက် ဖြေမဆည်နိုင်အောင် ၀မ်းနည်းနေကြောင်း အိမ်တော်က သတင်း ထုတ်ပြန်သည်။ ဆာဗန်နာဂီရိုင် သည် ဇနီးသည် ကွယ်လွန်မှုနှင့် ကိုယ်တိုင် ရရှိသော ဒါဏ်ရာများကြောင့် ဧပြီလ (၁) ရက်နေ့ကမှ ၀န်ကြီးချုပ် ရာထူးကို ပြန်လည် ထမ်းဆောင်နေသူ ဖြစ်သည်။ မူဂါဘီ အစိုးရက ယခုကဲ့သို့ ဆာဗန်နာဂီရိုင် ၏ မြေးငယ် သေဆုံးမှုအတွက် တစုံတရာ ထင်မြင်ချက် ပေးမှုမျိုး မပြုလုပ်ခဲ့ပေ။

LEAVE A REPLY

Please enter your comment!
Please enter your name here