Twitter အား ဝယ်ယူနိုင်ရန် Google ကြိုးပမ်း

alt

Google သည် Social Networking ၀န်ဆောင်မှု လောကတွင် ထိပ်တန်း နေရာမှ ရပ်တည်နေသော Facebook အား ယှဉ်ပြိုင် နိုင်ရန် အတွက် Twitter ကို ၀ယ်ယူသွားရန် လုံးပမ်း နေကြောင်း သိရ သည်။

Google က Twitter ကို ၀ယ်ယူရန် သင့်မသင့် အကြံပြုချက် အား User များအနေနှင့် စာလုံးရေ (၁၄၀) အောက် ရေးသား အကြံပြုနိုင်ရန် စီစဉ် ပေးထားသည်။ အမေရိကန် အခြေစိုက် Search Engine  ကုမ္မဏီကြီးက Twitter အား ပေါင်ငွေ သန်း (၅၀၀) ခန့်ဖြင့် ၀ယ်ယူ သိမ်းပိုက်နိုင်ရန် မျှော်လင့်လျက်ရှိသည်။

Twitter သည် User များ လက်ရှိ ဆောင်ရွက်နေမှု အစုစုတို့အား တိုက်ရိုက် ဖော်ပြပေးနိုင်သည့် ၀န်ဆောင်မှုမျိုး ထည့်သွင်း ထားသောကြောင့် တနေ့ထက် တနေ့ အသုံးပြု သူဦးရေ တိုးတက် လာနေသည်။ Facebook သည်လည်း အလားတူ ၀န်ဆောင်မှုမျိုးဖြင့် User များအား ပိုမို ဆွဲဆောင် နိုင်ရန် မကြာသေးမီ အချိန်ကစပြီး အားထည့် ကြိုးပမ်းလာနေသည်။

Google ကမူ Twitter အား ကျိန်းသေပေါက် ၀ယ်ယူမည်ဟု မဆိုလိုကြောင်း မတင်မကျ ပြောဆိုထားပြီး လက်တလော တွင် ကြံဆ နေဆဲ သာဖြစ်ကြောင်း ကြေညာ ထားသည်။ သို့သော်လည်း နည်းပညာ လောက အတွင်း နေရာစုံမှ ထိုးဖောက်ရန် ကြိုးစားနေသည့် Google ၏ လုပ်ဆောင်မှုများ ကြောင့် Twitter အား ၀ယ်ယူရေးသည် ဖြစ်မြောက် လာနိုင်ကြောင်း Google ပရိသတ်က ယုံကြည်လျက် ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here