မက်ဒေါနား၏ မော်လဝီ ကလေးငယ်အား မွေးစားရန် ကြိုးပမ်းမှု မအောင်မြင်

alt

မော်လဝီနိုင်ငံ မှ ခလေးငယ် တဦးကို မွေးစားရန် မက်ဒေါနား ၏ အကြံအစည်မှာ ပျက်စီးခဲ့ရပြီ ဖြစ်သည်။ အာဖရိကတိုက် ရှိ မော်လဝီနိုင်ငံက ပြဌာန်း ထားသည့် ဥပဒေ စည်းကမ်း သတ်မှတ်ချက်များ အရ

မော်လဝီ ခလေးငယ် တဦးအား မွေးစားလိုပါက မော်လဝီတွင် အနည်းဆုံး (၁၈)လကြာ နေထိုင် ဖူးရမည် ဆိုသော သတ်မှတ်ချက် ပါရှိနေသဖြင့် မက်ဒေါနား အဖို့ လေးနှစ် သမီးလေး မာဆီဂျိမ်း ကို မွေးစားရန် ပယ်ချ ခံခဲ့ရသည်။

မက်ဒေါနား သည် အဆိုပါ နိုင်ငံမှ ပင်ဖြစ်သော သားငယ် ဒေးဗစ်ကို (၂၀၀၆) ခုနှစ်က မွေးစား ခဲ့ဖူးသဖြင့် ယခု မာဆီအား မွေးစားမည့် အရေးတွင်လည်း အဆင်ပြေမည် ဟု မျှော်လင့်ထားခဲ့သည်။ သို့သော်လည်း မော်လဝီ နိုင်ငံ လီလွန်ဂွီမြို့တော် တရားရုံး က မက်ဒေါနား ၏ တောင်းဆိုမှုအား ပြတ်ပြတ်သားသား ပယ်ချ ခဲ့သည်။

မော်လဝီရှိ ကလေးသူငယ် စောင့်ရှောက်ရေး အာဏာပိုင် အဖွဲ့အစည်းများ ကလည်း မက်ဒေါနား ၏ လျှောက်ထားမှု တွင် လိုအပ်ချက် များစွာရှိနေ သေးကြောင်း အတည်ပြု ပြောကြားခဲ့ရာ မက်ဒေါနား အဖို့ ခလေး မွေးစားရန် အဆင်မပြေ တော့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here