မန်ယူကို ကယ်တင် ခဲ့သည့် အသက ်(၁၇) နှစ်အရွယ် ကစားသမားလေး

alt

ဧပြီလ (၅) ရက်နေ့ည အက်စတွန် ဗီလာကို မန်ချက်စတာ ယူနိုက်တက် က အနိုင်မရခင် အထိ သူ့ကို ဘယ်သူမှ မသိခဲ့ကြပါ။

သို့သော်လည်း လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံအသင်း အတွက် နောက်ဆုံးမိနစ် အနိုင်ဂိုးကို လှလှပပ ကန်သွင်း ပေးပြီးနောက် အသက် (၁၇) နှစ်သာ ရှိ သေးသည့် အီတလီ လူငယ်လေး ဖက်ဒရီကို မက်ချီဒါ အား အိုးထရက်ဖို့ ကွင်း ပရိသတ်က သောင်းသောင်းဖြဖြ ဂုဏ်ပြု ခဲ့သည်။

(၃-၂) ဖြင့် ဗီလာအား အနိုင် ရခဲ့သည့် ပွဲတွင် ကမာ္ဘ့အကောင်းဆုံး ဘောလုံး သမားဆုရှင် ခရစ်စတီယာနို ရော်နာဒို က (၂) ဂိုးသွင်း ခဲ့သော်လည်း မက်ချီဒါ ကသာ ပွဲစဉ် အတွင်း သူရဲကောင်း သဖွယ် ဖြစ်ခဲ့ရသည်။

လူစားဝင်ပြီး အနိုင်ဂိုးသွင်းခဲ့သည့် မက်ချီဒါကြောင့် မန်ချက်စတာသည် လီဗာပူး ကိုကျော်ကာ အမှတ်ပေး ဇယားထိပ် တွင် ဆက်လက် ဦးဆောင်ခွင့် ရရှိခဲ့သည်။ မက်ချီဒါက ထိုနေ့သည် ၎င်း၏အိပ်မက်များ အမှန်တကယ် အထမြောက် ရှင်သန် လာသည့်နေ့ ဖြစ်ကြောင်း ပြောဆို ခဲ့သည်။

ပွဲကြည့်စင် တွင် ဖခင်နှင့် မိသားစုတို့ လာရောက် ကြည့်ရှုနေကြောင်း၊ ဗီလာနှင့်ပွဲတွင် ၀င်ကစားခွင့် ရပြီး အနိုင်ဂိုးပါ သွင်းပေး နိုင်ခြင်းအပေါ် ယခု အချိန်ထိ မယုံနိုင်အောင် ဖြစ်မိကြောင်း မက်ချီဒါ က ၀န်ခံ ခဲ့သည်။ မန်ချက်စတာ နည်းပြ ကြီး အဲလက်ဖာဂူဆန် ကလည်း အနိုင်ဂိုးရှင် မက်ချီဒါအား ထွန်းလင်းလာမည့် လူငယ် ကစားသမားလေး အဖြစ် ချီးကျူး ပြောဆို ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here