ကမာ္ဘက ဖိအားပေးသည်ကို လွန်ဆန်၍ မြောက်ကိုရီးယား ဒုံးကျည် လွှတ်တင်လိုက်ပြီ

alt

မြောက်ကိုရီးယားမှ အမေရိကား၊ ဂျပန်၊ တောင်းကိုရီးယား နိုင်ငံတို့ ဖြင့် အငြင်းပွားဖွယ် ဖြစ်နေသော တာဝေးပစ် ဒုံးကျည် တစင်းအား ယနေ့ တနင်္ဂနွေနေ့တွင် ဒေသစံတော်ချိန် ၁၁း၃၀ ( GMT -0230 ) နာရီတွင်

မြောက်ကိုရီးယား ကမ်းခြေဒေသ မူဆူဒန် – ရီ အာကာသ လွတ်တင်ရေး စခမ်း၊ မြောက်ကိုရီးယား အရှေ့မြောက် နယ်မြေမှ လွှင့်တင် လိုက်သည်ဟု တောင်ကိုရီးယား နှင့် အမေရိကန် အစိုးရတို့မှ အတည်ပြု ပြောဆိုလိုက်သည်။

ယမန်နေ့ ကတည်းက အရေးပေါ် အခြေအနေ မှားယွင်းမှု အချက်ပေး ခဲ့သော ဂျပန်မှာ မြောက်ကိုရီးယား နိုင်ငံမှ ဒုံးကျည် လွှင့်တင်လျှင် လွှင့်တင်ခြင်း၊ နိုင်ငံအား အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီး ကမာ္ဘ့ကုလသမဂ္ဂ လုံခြံုရေးကောင်စီအား တပ်လှန့်နှိုးဆော် အသိပေး အကြောင်းကြား ထားကာ ပစ္စဖိတ် သမုဒ္ဒရာနှင့် ဂျပန်နိုင်ငံ အပေါ်  ဖြတ်ပျံသန်းနေသည်ကို ဂျပန် တယ်လီဗေးရှင်း NHK မှ ထုတ်လွှင့် ပြသနေသည်ဟု သိရှိရသည်။

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် တာရို အာဆို မှ ချက်ခြင်း လက်ငင်းပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မိမိတို့၏ အန္တိမ ရည်မှန်းချက်မှာ နည်းပညာ နှင့် လုံခြံုရေး သာဖြစ်သည်ဟု ပြောကြားလိုက်ကာ ကမာ္ဘတဝှမ်းမှ ပြည်သူအများ မြောက်ကိုရီးယား ဒုံးကျည်အား အာခံ ပစ်ချမည်ဆိုသော အမေရိကား၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံ တို၏ တုန့်ပြန်မည့်  ရလဒ်အား စောင့်ဆိုင်း မျှော်လင့် နေကြသည်ဟု ဂျပန်မှ လာသော အေပီ သတင်းအရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here