အလုပ်ပြုတ်၍ ၁၃လောင်းပြိုင် ပစ်သတ်ခဲ့သော နယူးယောက်မှ သေနတ်သမား

alt

ယမန်နေ့က အမေရိကန် နိုင်ငံ နယူးယောက် ပြည်နယ်၊ ဘင်ဟမ်တန် မြို့တွင် ဒေါသ ထွက်နေသော သေနတ်သမား တဦး အခြေချ နေထိုင် သူများ၏ အမေရိကန် မြို့ပြ လူမှုရေး အဖွဲ့အစည်း ကွန်မြူနတီ

အဆောက်အအုံ အတွင်း အမေရိကန် နိုင်ငံသား လျှောက်ရန် သိသင့် သိထိုက်သည် များအား လေ့လာနေသော အင်္ဂလိပ်စာ စာသင်ခန်း အတွင်း တကိုယ်တော် ဝင်ရောက် ပစ်ခတ်သွားခြင်း ဖြစ်သည်ဟု သိရှိရသည်။

အခင်းဖြစ်ပွားရာ၌ ပစ်သတ်ခံရသူ ၁၃ဦးရှိပြီး နောက်ဆုံး သေနတ်သမားပါ သတ်သေသွားသဖြင့် ၁၄ဦးသေဆုံးကာ ၃၃ဦးမှာ အခင်းပစ်ခတ်မှုမှ လွတ်မြောက်ခဲ့ပြီး၊ ၂၆ဦးမှ မြေအောက်ခန်းသို့ ဆင်းပြေး ပုန်းရှောင်ခဲ့ပြီး၊ နောက်ရဦးမှာ အခြား စာသင်ခန်းများတွင် ရှောင်ပုန်းနေခြင်း ဖြစ်သည်ဟု ဘာဟမ်တန်မြို့ ရဲမှူးကြီး ဂျိုးဇက် ဇီကူစကီးမှ အတည်ပြု ပြောကြားလိုက်သည်။

မြို့တော်ဝန် မက်သရူး ရိုင်ယန်မှ ဘင်ဟမ်တန် သမိုင်းမှာ အကြီးအကျယ် အတိဒုက္ခရောက်သောနေ့တနေ့ အဖြစ်ပြောဆိုလိုက်သည်။ အခင်းဖြစ်ပွားပုံမှာ အသက်၄၂နှစ်အရွယ်ရှိ ဗီယက်နမ်လူမျိုး လင်ဘောင်မှာ မကြာမီကမှ အလုပ် အနားပေးခံရသူ ဖြစ်ပြီး၊ ဂျွန်ဆင်မြို့၊ တိုင်လာလမ်း တွင်နေထိုင်ကာ ယခင်အမည်မှာ ဂျီဗါလီ ဝေါင်း ဖြစ်သည်။

နံနက် ၁၀း၃၀နာရီ ခန့်တွင် The American Civic Association Center ရှေ့တွင် သူ၏ ကားအားပိတ်၍ ရပ်လိုက်ပြီး၊ အဆောက်အဦး ရှေ့မှ ဝင်ရောက်ကာ ဧည့်ကြို အမျိုးသမီး၏ ဝမ်းဗိုက်အား သဲသဲမဲမဲ စတင်ပစ်ခတ် တိုက်ခိုက် လိုက်ပြီး၊ နောက် ဘယ်ဖက်ရှိ စာသင်ခန်းသို့ ဝင်ရောက်ပြီး ဆက်လက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

နံနက် ၁၀နာရီ ၃၁မိနစ်တွင် ဧည့်ကြိုဋ္ဌာနမှ 911 ခေါ်ပြီး ၂မိနစ် အကြာတွင် ရဲရောက်လာသောအခါ လင်ဘောင်မှာ ၉မီလီမီတာ ပွိုင့် ၄၅သေနတ် ၂လက်ကိုင်၍ အခြား စာသင်ခန်းများသို့ လိုက်လံ၍ ပစ်ခတ်နေဆဲဟု ဖြေဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here