အီတိုး ၏ ကစားကြေး လီဗာပူးလ် မတတ်နိုင်

alt

ဆမ်မြူရယ် အီတိုး အား ခေါ်ယူ ချင်သည့်တိုင် ၎င်း တောင်းဆိုသော တနှစ်လျှင်  စတာလင်ပေါင် (၇)သန်း ကစားကြေး ကြောင့် လီဗာပူးလ် အသင်းမှာ အခက်တွေ့ နေရသည်။

ယခုနှစ် ဘောလုံးရာသီတွင် စပိန်ထိပ်တန်း ဘာစီလိုနာ အသင်း အတွက် (၂၇)ပွဲ ကစားပြီး (၂၅)ဂိုး သွင်းပေးထားသည့် အီတိုး အား လီဗာပူးလ် နည်းပြ ရာဖေးလ် ဘင်နီတက်က သဘောကျ နေသော်လည်း အီတိုး၏ တောင်းဆိုသော ကြေးကိုပေးရန် လက်တွန့် နေဆဲပင် ဖြစ်သည်။

လီဗာပူးလ်သည် ၎င်းတို့အသင်းနှင့် နှစ်ရှည်လများ စာချုပ်ထားသည့် Carlsberg ဘီယာ ကုမ္မဏီ နှင့် စာချုပ် သက်တမ်းတိုး ချုပ်ဆိုမည်ဖြစ်ပြီး စံချိန်တင် ငွေကြေးတရပ် ရရှိရန် မျှော်လင့်လျှက်ရှိသည်။

ထိုမှ ရရှိသော ၀င်ငွေဖြင့် ကမာ္ဘ့ထိပ်တန်း ဘောလုံးသမားများ ခေါ်ယူသွားရန် ပြင်ဆင်နေရာ ကင်မရွန်း လက်ရွေးစင် အီတိုးအား စုံစမ်းမှုများ ပြုလုပ်နေခဲ့သည်။

လက်ရှိ အချိန်တွင် လီဗာပူးလ် တိုက်စစ်မှူး ဖာနန်ဒို တောရက်စ် မှာ အန်းဖီးလ်ကွင်းတွင် တနှစ် ကစားကြေး ပေါင်(၅)သန်းထိ ရရှိနေပြီး အီတိုးအား ၎င်းတောင်းဆို သလောက် ဈေးမပေးနိုင်သဖြင့် နူးကမ့်ကွင်းကြီးမှ ခေါ်ဆောင်ရန် ခက်ခဲနိုင်ကြောင်း ဘင်နီတက် က ၀န်ခံသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here