ရဲမေလည်း ဟုတ်၊ ကြေးစားမယ်လည်း ဟုတ်တဲ့ ဗြိတိန်သူ

alt

ဗြိတိန် ရဲမေတဦးက ၎င်းသည် တန်ဖိုးကြီး ကြေးစား အမျိုးသမီး အဖြစ် လုပ်ကိုင် နေမိကြောင်း ထုတ်ဖော်ဝန်ခံ လိုက်ရရာ ဗြိတိန်ရဲတပ်ဖွဲ့ အတွက် သိက္ခာ ကျစရာ ဖြစ်ခဲ့ရသည်။

ဗစ်တိုးရီးယား သရုန်း အမည်ရှိ ရဲမေသည် အသက်(၂၈)နှစ် ရှိပြီဖြစ်ပြီး သူမအနေနှင့် ပျော်ရွှင်ချင်သူများ ထံမှ တနာရီလျှင် ပေါင်(၁၀၀) အထိ ငွေကြေး ယူလေ့ ရှိကြောင်း ရုံးတော်၌ ဝန်ခံလိုက်သည်။

ထို့ပြင် သူမသည် သီတင်းတပါတ်လျှင် ဖောက်သည် (၂၀) ခန့်အထိ ရတတ်သည် ဟုလည်း ဗစ်တိုးရီးယားက ဆိုသည်။ သူမသည် ဗြိတိန်ရှိ ကြေးစားမယ်များကို ထောက်လှမ်းရသည့် တာဝန်ယူထားသော ရဲတဦးဖြစ်ရာ သူမအား ကြေးစားမယ် တဦး အဖြစ် အပြာရောင် ဝဘ်ဆိုဒ် ၏ ကြော်ညာပုံများမှ  ခြေရာခံမိရာမှ ၀န်ခံ လိုက်ရသောကြောင့် လူအများ အံ့အားသင့်စရာ ဖြစ်ခဲ့ကြရသည်။

သူမသည် ဆန်းဒါးလန်းမြို့ အနီး Houghtonle-Spring တွင် ကျက်စားလေ့ ရှိကြောင်းလည်း ဗစ်တိုးရီးယားက ရုံးတော်၌ ထွက်ဆိုကာ သူမအား ဧပြီလ(၁) ရက်နေ့မှစပြီး အဆိုပါ ကိစ္စအတွက် နယူးကာဆယ် တရားရုံးက ဆင့်ခေါ် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

မျက်မြင် သက်သေများ၏ အဆိုအရ မီးခိုးရောင် အနွေးအင်္ကျီကို ၀တ်ဆင်ထားသည့် ဗစ်တိုးရီးယားသည် တည်တည်ငြိမ်ငြိမ်ပင် အစစ်ဆေး အမေးမြန်းခံ ခဲ့ကြောင်း သိရှိရသည်။

လက်ရှိ အချိန်တွင် သူမ တာဝန်ထမ်းဆောင်နေသော ဒါဟမ်းမြို့ရှိ North Umbria မြို့နယ်ရဲစခန်း က သူမအား ရာထူးမှ ချထားကြောင်း ဗစ်တိုးရီးယားက သတင်းထောက်များအား  ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here