မြန်မာ Celebrity တွေ သကြင်္န်မှာ လန်းလို့မရ

alt
alt

မြန်မာ အာဏာပိုင်များက မကြာမီ ကျရောက်တော့မည့် ရိုးရာ နှစ်သစ်ကူး မဟာသကြင်္န် ပွဲတော်ကြီးတွင် အနုပညာရှင်များ အနေနှင့် ဆိုးရွားသော သရုပ်ပျက် ယဉ်ကျေးမှု ၀တ်စုံများ

၀တ်ဆင်ခြင်း မပြုကြရန် တားမြစ်လိုက်ပြီး ရိုးရာ ယဉ်ကျေးမှုနှင့် မလျော်ညီသော လုပ်ရပ်များ ပြုလုပ်ပါက ထိရောက်စွာ အရေးယူ သွားမည် ဖြစ်ကြောင်း ကြေညာ လိုက်သည်။

ဧပြီလ (၁၃) ရက်နေ့မှ စတင် ကျင်းပမည်ဖြစ်သော သကြင်္န် ပွဲတော်ကြီးတွင် လျှပ်ပေါ် လော်လီသော ၀တ်စုံများဖြင့် ရိုးရာ စရိုက်ကို ညစ်နွမ်းစေသူ ရုပ်ရှင် နှင့် ဂီတ နယ်ပယ်သားများအား ဗီဒီယို တိပ်များနှင့် မှတ်တမ်းတင်ကာ ပြန်လည် အရေးယူသွားမည်ဟု မြန်မာ့ဂီတ အစည်းအရုံးက ပြောကြားလိုက်သည်။

အထူးသဖြင့် သီချင်း သီဆိုဖျော်ဖြေခွင့် ကာလအတန်ကြာ ပိတ်ပင်ခံရမှုမျိုး ပြစ်ဒါဏ်များ ချမှတ် ခံရနိုင်သည်ဟု သိရှိရသည်။ အနုပညာရှင် များသည် ပြည်သူလူထုကို အတုခိုး မှားအောင် လမ်းပြမှုမျိုး မဖြစ်စေရန် မိမိကိုယ်ကို ကြပ်မတ် ထိန်းသိမ်းရမည့် ၀တ္တရားရှိကြောင်း ဂီတအစည်းအရုံးက ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here