Hannah Montana ဆက်မရိုက်တော့ဟု မီလီ ဆိုင်းရပ် ပြောကြား

alt

နောက်ထပ် Hannah and Montana စီးရီးဇာတ်ကားများ သူမအနေနှင့် ရိုက်ကူးတော့မည် မဟုတ်ဟု အဆိုတော် မင်းသမီးလေး မီလီဆိုင်းရပ် က ပြောကြားလိုက်ပြီ ဖြစ်သည်။

Hannah  Montana: The Movie ကို ရိုက်ကူးပြီးနောက် အမေရိကန်၏ အကျော်ကြားဆုံး Disney တေးဂီတ ရုပ်မြင်သံကြား ချာနယ်မှ ဇာတ်လမ်းတွဲ Hannah Montana ကို ကျောခိုင်းတော့မည်ဟု ဆိုင်းရပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

အသက်(၁၆) နှစ်သာ ရှိသေးသော ဆိုင်းရပ်သည် အဆိုပါ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ များကြောင့် နာမည် ပိုကြီးလာသူဖြစ်ပြီး ယခု သူမ၏ ဆုံးဖြတ်ချက်ကြောင့် ပရိသတ်များက စိတ်မကောင်း ဖြစ်နေကြရသည်။

E! Entertainment နှင့် အင်တာဗျူးတွင် ဆိုင်းရပ်က သူမ အနေနှင့် ယခု အရွယ်တွင် ရုပ်ရှင်ရော၊ ဂီတလောကတွင်ပါ အောင်မြင်နေသည့် အတွက် ကံကောင်းသည်ဟု တွေးမိကြောင်း နှင့် သီချင်းသည်လေး အဖြစ် သရုပ်ဆောင်ထားသည့် Hannah Montana ဇာတ်လမ်းတွဲ များတွင် ဆက်လက် သရုပ်ဆောင်ရန် အစီအစဉ် မရှိတော့ကြောင်း ဆိုင်းရပ်က ဟောလီးဝုဒ် မီဒီယာများသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရုပ်ရှင်အဖြစ် ရိုက်ကူးထားသော Hannah Montana: The Movie ကို ဗြိတိန်နိုင်ငံတွင် မေလ(၁) ရက်နေ့မှ စတင်ပြီး ရုံတင် ပြသသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here