ဘင်္ဂလားဒေ့ရှ်တွင် ရှားပါးမျိုးစိတ် ဧရာဝတီလင်းပိုင် အများအပြားတွေ့

alt

ဧရာဝတီ လင်းပိုင်ခေါ်သော ကမာ္ဘ့ ရှားပါးမျိုးစိတ်ဝင် ရေချိုလင်းပိုင် တမျိုးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ထောင်နှင့် ချီမျှ တွေ့ရှိခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းရှိ လမုတောများ အနီး မှီတင်း နေထိုင်သည့် ရှားပါး ဧရာဝတီလင်းပိုင် (၆၀၀၀) ခန့်အား တွေ့ရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် တောရိုင်း တိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး တာဝန်ရှိသူများက ဆိုသည်။

Orca ဝေလငါးများနှင့် မျိုးနွယ် စပ်ဆက်မှုရှိသော အဆိုပါ ဧရာဝတီ လင်းပိုင်များသည် ဆူဒါဘန် အနီးရှိ လမုတောများရှိရာ ရေချိုမြစ် အတွင်း ပျော်ရွှင်စွာ ကျက်စားနေခြင်းဟု သိရသည်။

မူလက ကမာ္ဘပေါ်တွင် ဧရာဝတီလင်းပိုင် အရေအတွက် ရာဂဏန်းမျှသာ ရှိတော့ကြောင်း တွက်ဆထားရာ ယခုကဲ့သို့ ကောင်ရေ (၆၀၀၀) ခန့် တစု တစည်းတည်း တွေ့ရခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ အတွက် အ့ံဩတုန်လှုပ်မှုနှင့် ပျော်ရွှင်စရာ ဖြစ်ခဲ့ရသည်။

ကျွမ်းကျင်သူများ၏ အဆိုအရ ဧရာဝတီ လင်းပိုင်ကောင်ရေ ပိုမို များပြားလာနိုင်သေးကြောင်း မှန်းဆထားပြီး လွန်ခဲ့သော နှစ်များဆီက အထိ မြန်မာနိုင်ငံရှိ ဧရာဝတီမြစ် အတွင်း ကောင်ရေ အများဆုံးသာ တွေ့ရှိခဲ့ဖူးပြီး ထိုဒေသအတွင်း တံငါသည်များ ငါးဖမ်းရာတွင် ကူညီလေ့ရှိပြီး လူနှင့် ယဉ်ပါးလွန်းသောကြောင့် ထိုရေချို လင်းပိုင်များအား ဧရာဝတီ လင်းပိုင်ဟု အမည်ပေးထား ရခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here