အလုပ်ခွင်တွင် အင်တာနက် သုံးခြင်းက အလုပ်အတွက် အထောက်အကူပြု

alt

အလုပ်ခွင်တွင် အင်တာနက် သုံးစွဲခွင့် ရသည့် အလုပ်သမား များသည် ကုန်ထုတ်လုပ်မှု တိုးတက်စေရန် များစွာ အထောက်အကူ ပြုနိုင်ကြောင်း ဩစတြေးလျမှ ပညာရှင် များက ပြောကြားလိုက်သည်။

ပျော်ရွှင်မှု အတွက် အလုပ်ခွင် အတွင်း အင်တာနက် သုံးခွင့်ရသည့် အလုပ်သမားများ အနေနှင့် စိတ်လက်ပေါ့ပါးပြီး အလုပ် အတွက် အာရုံစိုက် ထားရသည့် ဖိအားမှ ကင်းလွတ် သွားတတ်ပြီး ထိုအချက်သည် အလုပ်ပြီးမြောက်မှု ပမာဏ တိုးတက် မြင့်မားလာခြင်းအား တိုက်ရိုက် အကျိုးပြုလျှက် ရှိကြောင်း သုတေသီများက ဆိုသည်။

ဩစတြေးလျားရှိ မဲဘုန်း တက္ကသိုလ်မှ ပညာရှင်များ၏ လေ့လာမှုအရ Twitter နှင့် YouTube ကဲ့သို့ Social Network များ အသုံးပြုခြင်း၊ YouTube မှ Video Clip များ ကြည့်ရှုခြင်း တို့ကို ပြုလုပ်ခွင့် ရသည့် အလုပ်သမား များသည် အလုပ်လုပ် နိုင်စွမ်း ပိုမို များပြားလာကြောင်း သိရှိရသည်။

သုတေသနအဖွဲ့မှ ဘရန့်ကောကားက ယခု ရလဒ်သည် အံ့ဩစရာ တရပ်ဖြစ်ကြောင်း၊ ကော်လာဖြူ လုပ်သား (၃၀၀) ကျော်ကို အင်တာနက် သုံးစွဲခွင့်ပေးခဲ့ရာ (၇၀) ရာခိုင်နှုန်းကျော်၏ အလုပ်လုပ်နိုင် စွမ်းရည်များ တိုးတက်မြင့်မား လာသည်ကို တွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် သတ်မှတ် အလုပ်ချိန်၏ (၂၀) ရာခိုင်နှုန်း ခန့်အား စိတ်အပန်းဖြေရေး အတွက် အင်တာနက် အသုံးပြု သင့်ကြောင်း ကောကား က ထုတ်ဖေါ်  ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here