ဂရိတ်ဖရု(တ်) ကြောင့် သွေးခဲတတ်ကြောင်း ဆရာဝန်များ သတိပေး

alt

ဂရိတ်ဖရု(တ်)သီး စားခြင်းသည် သွေးခဲမှုကို ဖြစ်စေတတ်ကြောင်း ဗြိတိန်ရှိ ဆရာဝန်များက အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။

ဂရိတ်ဖရု(တ်) (၃)ရက် ဆက်တိုက်စားမိသော အသက်(၄၂)နှစ် အရွယ် အမျိုးသမီး တဦးသည် ခြေထောက်တချောင်း ဖြတ်ရလုနီးနီး အခြေအနေဆိုး နေခဲ့သောကြောင့် ဆရာဝန်များက ယခုလို ပြောကြား လိုက်ခြင်းဖြစ်သည်။

အဆိုပါ အမျိုးသမီး၏ ဘယ်ဖက် ခြေထောက်မှာ သွေးခဲပြီး အခြေအနေ အလွန် ဆိုးရွားနေသဖြင့် ခွဲစိတ်ကု ဆရာဝန်များက အချိန်မရွေး ဖြတ်ပစ်ရမည့် အန္တရာယ် ရှိကြောင်း ပြောကြားခဲ့သည်။

တနေ့လျှင် ဂရိတ်ဖရု(တ်)သီး တလုံးစားပါက ကယ်လိုရီ (၈၀၀) အထိ ကျဆင်းနိုင် သဖြင့် ပိန်ချင်သော အဆိုပါ အမျိုးသမီးက နေ့စဉ်စားရာမှ ယခုလို ဖြစ်လာရခြင်း ဖြစ်သည်။

သူမ၏ ဘယ်ဖက် ခြေထောက်သည် တင်ပါး အောက်နားမှစပြီး သွေးခဲ ပိတ်ဆို့နေပြီဟု ဆရာဝန်များက ဆိုသည်။ ယခုလို ဖြစ်ရခြင်းသည် ဂရိတ်ဖရုသီးက သွေးခဲမှုကိုဖြစ်စေသော အင်ဇိုင်းများကို လှုံ့ဆော်ပေးသည့် ဓာတ်သဘာဝ ရှိနေသောကြောင့်ဟု သိရသည်။

ကင်းဘရစ်ရှိ အေဒင်ဘရွတ် ဆေးရုံမှ ဒေါက်တာ ထရီဗာ ဘက်ကလင် ကလည်း ယခုကိစ္စကို အကြောင်းပြုပြီး ဂရိတ်ဖရု(တ်)သီး ပုံမှန် စားရာတွင် ဆရာဝန်များနှင့် တိုင်ပင်ပြီးမှ စားသင့်ကြောင်း အကြံပြု ထပ်လောင်း ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here