ညှို့အားပြင်တဲ့ မင်းသမီးလို့ သတ်မှတ်တာ မခံယူလိုတဲ့ မီဂန်းဖော့စ်

alt

Transformers ရုပ်ရှင် မင်းသမီး မီဂန်ဖော့စ်က သူမအား ညှို့အား ပြင်းထန်သော Sex Symbol တဦးအဖြစ် သတ်မှတ်နေမှု အပေါ် ညည်းငွေ့ နေမိကြောင်း ထုတ်ဖော် ပြောဆို လိုက်သည်။

အသက် (၂၂)နှစ်ရှိ မင်းသမီးသည် ကမာ္ဘ အရပ်ရပ်ရှိ ဖျော်ဖြေရေး မီဒီယာများက ကောက်ခံသော စစ်တမ်း အတော် များများတွင် Sexy အဖြစ်ဆုံး မင်းသမီးအဖြစ် မကြာခဏ အရွေးချယ် ခံရလေ့ရှိသည်။

ဖော့စ်က သူမအနေနှင့် ယခင်က ထိုအခြေအနေကို သာယာမိခဲ့ သော်လည်း လက်ရှိ အနေအထားအရ စိတ်ပျက်နေပြီ ဖြစ်ကြောင်း၊ လူအများသည် သူမ မည်မျှ သရုပ်ဆောင်ကောင်းသည်ကို ကြည့်ရှု ခံစားရန် မေ့လျော့နေပြီး သူမ မည်မျှ ညှို့အား ပြင်းကြောင်း တခုတ်တရ ပြောဆိုရန် စိတ်အား ထက်သန် နေတတ်ကြောင်း ပြောကြားခဲ့သည်။

ဖော့စ်သည် Transformers 2 ဇာတ်ကားတွင် ဆက်လက် သရုပ်ဆောင်ထားပြီး ထိုဇာတ်ကားတွင်လည်း ဖော့စ်၏ အမူအယာများသည် အလွန် နှစ်သက်စဖွယ် ဆွဲဆောင်မှု ရှိနေကြောင်းလဲ ဟောလီးဝုဒ် သတင်းများတွင် နာမည်ကြီးလှသည်။

ဖော့စ်က သူမသည် ညှို့မင်းသမီးတဦး မဖြစ်ချင်ကြောင်း၊ သရုပ်ဆောင်မှု အရည်အသွေး ပြည့်ဝသည့် အနုပညာရှင် တဦးသာ ဖြစ်ချင် ခံယူပါကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here