လန်ဒန် ကွန်ဆတ်အား ပိုမိုစည်ကားအောင် မိုက်ကယ်ဂျက်ဆင် ကြိုးပမ်းနေ

alt

မိုက်ကယ် ဂျက်ဆင်သည် ၎င်း၏ လန်ဒန်ဖျော်ဖြေပွဲ ကွန်ဆတ်အတွက် စည်ကားသည်ထက် စည်ကားအောင် ကြိုးစား ပြင်ဆင်လျှက်ရှိကြောင်း ဟောလီးဝုဒ်မှ လာသော သတင်းများအရ သိရှိရသည်။

 ဂျက်ဆင်မှာ ဂျာမန် ဆူပါမော်ဒယ် ကလောက်ဒီယာ သျှစ်ဖါး၏ ခင်ပွန်းဟောင်း ကမာ္ဘကျော် မျက်လှည့်ပညာရှင် ဒေးဗစ် ကော်ပါဖီးလ်ကို ၎င်း၏ ဖျော်ဖြေပွဲတွင် ပူးပေါင်း ပါ၀င်ရန် ဖိတ်ကြားထားသည်ဟု သတင်းများက ဆိုသည်။

ဖျော်ဖြေပွဲ စင်မြင့်တွင် ဆင်စတန့်များ ထည့်သွင်းရန်ပင် စဉ်းစားထားသော ဂျက်ဆင် အနေနှင့် လန်ဒန်မြို့တွင် ကျင်းပမည့် This Is It ဖျော်ဖြေပွဲ အတွက် ကော်ပါဖီးလ် အား ထည့်သွင်းခြင်းဖြင့် ပရိသတ်များ ပိုမို အကြိုက်တွေ့ စေမည်ဟုဆိုကာ ပွဲစီစဉ်သူများအား သူကိုယ်တိုင် တောင်းဆိုခဲ့သည်။

ဂျက်ဆင် နှင့် နီးစပ်သော အသိုင်းအဝိုင်းက ဂျက်ဆင် နှင့် ကော်ပါဖီးလ် တို့သည် အလွန်ခင်မင်သော သူငယ်ချင်းများ ဖြစ်ပြီး ဂျက်ဆင်၏ ဖျော်ဖြေပွဲတွင် ကော်ပါဖီးလ် ကလည်း ကူညီဖွယ်ရှိကြောင်း မှတ်ချက် ပြုခဲ့ကြသည်။ အချို့သော သတင်းများ၏ အဆိုအရ ဂျက်ဆင်သည် ကယ်လီဖိုးနီးယားရှိ ကော့ပါးဖီးလ် ၏ ရုံးခန်းအထိ သွားရောက်ကာ တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့သေးကြောင်း သိရှိရသည်။

ဂျက်ဆင်၏ သူငယ်ချင်းများက အသက်(၅၀) အရွယ် ပေါ့(ပ်) အဆ်ိုတော်ကြီးသည် ၎င်း၏ ဖျော်ဖြေပွဲကို ပရိသတ်များ စိတ်ထဲ တသသ ဖြစ်နေစေရန် နည်းစုံလမ်းစုံနှင့် ကြိုးပမ်း ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ကမာ္ဘဂီတရပ်ဝန်းက သုံးသပ်နေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here