အဲရစ်ဆင် မက္ကစီကို နည်းပြရာထူးမှ ထုတ်ပယ်ခံရ

alt

ဟွန်းဒူး ရပ်စ်အား (၃-၁)ဖြင့် အရေးနိမ့်ခဲ့ ပြီးနောက် မက္ကစီကို ဘောလုံး အဖွဲ့ချုပ်သည် ၎င်းတို့၏ နည်းပြကြီး ဆဗန်ဂိုရန်း အဲရစ်ဆင် အား ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။

အင်္ဂလန် လက်ရွေးစင် ဘောလုံးအသင်းအား နည်းပြခဲ့ ဖူးသည့် နာမည်ကျော် ဆွီဒင် နည်းပြကြီးသည် မက္ကစီကို ဘောလုံးအသင်းအား (၁၃)ပွဲ ကိုင်တွယ်ရာတွင် (၆)ပွဲသာ အနိုင်ရ ခဲ့သောကြောင့် မက္ကစီကို ဘောလုံး အာဏာပိုင်များက မကျေမနပ် ဖြစ်ခဲ့ရပေသည်။

ယခု ဆုံးဖြတ်ချက် အတွက် ၀မ်းနည်းသော်လည်း ပြတ်သားစွာ ဆုံးဖြတ်သင့်သည်ဟု ယူဆသဖြင့် အဲရစ်ဆင်အား ဖယ်ရှားခဲ့ကြောင်း မက္ကစီကို ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန် ကြေညာလိုက်သည်။

အဲရစ်ဆင်သည် ယခုပွဲ မရှုံးနိမ့်မီ ကော်စတာရီကာ အား (၂-၀)ဖြင့် အနိုင်ရအောင် ဦးဆောင် နိုင်ခဲ့သေးသော်လည်း ယခု ထုတ်ပယ်ခံရမှုနှင့် စပ်လျဉ်းပြီး အဲရစ်ဆင်က တစုံတရာ ပြောဆိုခဲ့ခြင်း မရှိသေးပေ။ မက္ကစီကို အသင်းသည် နောက်ထပ် ကမာ္ဘ့ဖလား ခြေစစ်ပွဲစဉ် အဖြစ် ဇွန်လ(၆) ရက်နေ့တွင် အယ်ဆာဗေးဒိုးနှင့် လည်းကောင်း ဇွန်လ(၁၀) ရက်နေ့တွင် ထရီနီဒတ်၊ တိုဘားဂိုး တို့နှင့် ထပ်မံတွေ့ဆုံ ယှဉ်ပြိုင်ရဦးမည်ဟု သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here