စကော့တလန် ပင်လယ်ကမ်းလွန် လေယာဉ် ပျက်ကျမှု လိုက်ပါသူအားလုံး သေဆုံးဖွယ်

alt

စကော့တလန် မြောက်ပိုင်း ပင်လယ် ကမ်းလွန်တွင် ဧပြီလ (၁) ရက်နေ့ နေ့လယ်ပိုင်းက ပျက်ကျ သွားခဲ့သည့် ရဟတ်ယာဉ်ပေါ် လိုက်ပါ လာသူအားလုံး သေဆုံးခဲ့ပြီဟု ယူဆရကြောင်း အာဏာပိုင်များက ကြေညာလိုက်သည်။

ဧပြီလ (၂) ရက်နေ့ အစောပိုင်း အထိ သေဆုံးသူ (၈) ဦး၏ ရုပ်အလောင်း များကို ကယ်ဆယ်ရေး ဝန်ထမ်းများက ရှာဖွေ တွေ့ရှိခဲ့ပြီး ကျန်(၈) ဦးမှာမူ ပျောက်ဆုံး နေဆဲဖြစ်သည်။

စူပါ ပူးမား ရဟတ်ယာဉ်သည် BP Miller ရေနံတွင်းမှ လူ (၁၆) ဦးကို တင်ဆောင်ပြီး ကမ်းခြေဘက်သို့ ဦးတည် ပျံသန်းနေစဉ် ရုတ်တရက် ပျက်ကျခဲ့ခြင်း ဖြစ်သည်။

အဘာဒင်း ကမ်းခြေစောင့်တပ်ဖွဲ့ အာဏာပိုင်များက ရှာဖွေရေး လုပ်ငန်းများ အားကြိုးမာန်တက် ဆောင်ရွက်နေသည့်တိုင် အားရဖွယ် ကောင်းသော တိုးတက်မှုမျိုး မရရှိကြောင်း ၀န်ခံ ခဲ့ကြသည်။

လွန်ခဲ့သော သီတင်း (၆)ပါတ်ကလည်း စူပါ ပူးမား ရဟတ်ယာဉ် တစင်း ပျက်ကျ ခဲ့သေးသော်လည်း ထိုစဉ်ကမူ ထိခိုက် ဒါဏ်ရာရသူ တဦးမှ မရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here