ထိုင်းအစိုးရ ဆန့်ကျင်မှုများ ကြီးကြီးမားမား ကြံုတွေ့နေရ

alt

ထိုင်းနိုင်ငံ၏ အာဏာကို လွှမ်းမိုး ချုပ်ကိုင် နိုင်ခဲ့သည်မှာ (၄)လမျှပင် မပြည့်သေး သော်လည်း အဘီဆစ် ဗီဂျာဂျဗာ ဦးဆောင်သော ထိုင်းအစိုးရ အဖွဲ့အား ဆန့်ကျင်မှုများသည် တစထက် တစ ကြီးထွား လာနေရသည်။

ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝတ္ထရာ အား လိုလားသည့် အတိုက်အခံ အဖွဲ့များ အင်အားကောင်း လာနေသလို လက်ရှိ ထိုင်းအစိုးရကိုလည်း နိုင်ငံရေး အရ ဖိအားပေး တိုက်ခိုက်မှုများ အရှိန်မြှင့် ဆောင်ရွက် လာနေဆဲ သဏ္ဍာန်ပင် ဖြစ်သည်။

သက်ဆင် အနေနှင့် လက်ရှိ အာဏာမရှိ၊ ပြည်ပရောက် နေသော်လည်း ထိုင်းနိုင်ငံရေး အပေါ် ကြီးမားစွာ ဩဇာ ညောင်းနေဆဲဟု ထိုင်းနိုင်ငံရေး အကဲခတ်များက ဆိုသည်။ မကြာသေးမီ နေ့များက သက်ဆင်အား လိုလား ထောက်ခံသည့် ထိုင်းပြည်သူ (၃၀၀၀၀) ကျော် တို့သည် အဘီဆစ်အား ကန့်ကွက် ဆန္ဒပြခဲ့ကြရာ ယနေ့တိုင် အစိုးရနှင့် ပြည်သူတို့ ညှိနှိုင်းနေကြဆဲပင် ဖြစ်သည်။

ထို့အပြင် လွှတ်တော်တွင်း ၀န်ကြီးချုပ်အား အယုံအကြည် မရှိအဆို တင်သွင်းရန် မဲခွဲမှုလည်း ပေါ်ပေါက်ခဲ့သေးသည်။ ထိုင်းနိုင်ငံမှ ဆန္ဒပြသူတဦးက လက်ရှိ အစိုးရသည် ကမာ္ဘ့စီးပွားရေး အကြပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းရာတွင် အလွန် ညံ့ဖျင်းကြောင်း၊ ထို အခြေအနေ အတွက် ၀န်ကြီးချုပ်ဟောင်း သက်ဆင်အား တောင့်တမိကြောင်း ပြောကြားခဲ့သည်။ ၀န်ကြီးချုပ် အဘီဆစ် ကမူ ထိုင်းနိုင်ငံရေးကို နိုင်နင်းစွာ ကွပ်ကဲစီမံ သွားနိုင်မည်ဟု အကောင်းမြင် မျှော်လင့်နေဆဲ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here