အင်တာနက် နည်းပညာ ပိုမိုကောင်းမွန်လာသည့် ဆွီဒင်

alt

ဆွီဒင် နိုင်ငံ၏ အင်တာနက် traffic အခြေအနေသည် ဧပြီလ (၁)ရက်နေ့ မှစပြီး နှောင့်နှေးကြန့် ကြာမှု (၃၀) ရာခိုင်နှုန်း ကျဆင်း သွားကြောင်း သိရှိရသည်။

Anti-file sharing နည်းပညာသစ် တခုအား အသုံးပြုခဲ့ ပြီးနောက် မတ်လ(၃၁) ရက်နေ့ကထက် အင်တာနက် အတွင်း ကြန့်ကြာ ပိတ်ဆို့နေမှုများ လျော့နည်းသွားကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

Netnod ၏ တိုင်းတာချက်အရ ယခု ရလဒ်ကို အတည်ပြု နိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကုမ္ပဏီသည် ဆွီဒင်မြို့ပြ (၅)ခု၏ အင်တာနက် ဆက်သွယ်မှု Operation များကို တာဝန် ယူထားရသည့် ကုမ္ပဏီကြီး ဖြစ်သည်။ အင်တာနက် Traffic အများစု၏ အဓိက အကြောင်းရင်းသည် File Sharing များကြောင့် ဖြစ်ရခြင်း ဖြစ်ပြီး အဆိုပါ အခြေအနေကို ပုံစံတမျိုးဖြင့် ကိုင်တွယ်ခဲ့ကြောင်း ဆွီဒင်နိုင်ငံ Anti-Piracy အေဂျင်စီက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခု နည်းပညာသစ်တွင် တရားမဝင်သော File Sharing များအပါအဝင် မလိုလားအပ်သည့် File Sharing အတော်များများကို စီစစ် သန့်စင် လိုက်သောကြောင့် Traffic ဖြစ်မှု သိသာစွာ ကျဆင်းသွားကြောင်း ဥရောပမှလာသော နည်းပညာ သတင်းများတွင် ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here