စပိန် ဘောလုံးလောကသို့ ရောက်ရှိနိုင်ဟု မော်ရင်ညို ပြောကြား

alt

၎င်းအနေနှင့် စပိန်ဘောလုံး လောကသို့ ခြေချသွားရန် ဆန္ဒရှိနေကြောင်း ဟိုဆေး မော်ရင်ညိုက ယမန်နေ့က ပြောကြားလိုက်သည်။

ပေါ်တူဂီ လူမျိုးဖြစ်သော အင်တာမီလန် အသင်း နည်းပြကြီးက လက်ရှိ အချိန်တွင် ဆန်ဆီရို ကွင်းကြီး၌ ပျော်ရွှင် နေသော်လည်း တနေ့နေ့တွင် ၎င်း၏ နည်းပြ ဘဝအား စပိန် လာလီဂါ လောကတွင် ဖြတ်သန်း လိုကြောင်း မော်ရင်ညိုက ဆိုသည်။

ထို့အပြင် ချဲလ်ဆီး အား ကိုင်တွယ်ခဲ့ဖူးသည့် မော်ရင်ညိုက အင်တာမီလန် အား စီးရီးအေ ဖလား ရယူပေးပြီးနောက် အင်္ဂလန်ထိပ်သီး အသင်း တသင်းသင်းကိုလည်း ပြန်လည် ကိုင်တွယ်ရန် မျှော်လင့်မိကြောင်း ပြောကြား ထားခဲ့ဖူးသူ ဖြစ်သည်။

၎င်း၏ ဆန္ဒမှာ ဥရောပထိပ်သီး လိဂ်(၃) (၄)ခုတွင် ဖလားများ အားလုံး မိမိကိုင်တွယ်သော ကလပ်မှ တချိန်ထဲ ရယူရန်ဖြစ်ကြောင်း မော်ရင်ညိုက ပြောကြားလိုက်သည်။ ပေါ်တိုအသင်း နှင့်အတူ ချန်ပီယံလိဂ် ဖလား ရယူခဲ့ဖူးသည့် မော်ရင်ညိုသည် ဘာစီလိုနာ နှင့် မန်ချက်စတာ ယူနိုက်တက် အသင်းများကို နည်းပြ လိုကြောင်းလည်း ပြောကြား ထားခဲ့ဖူးသူ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here