HIVကို စောစော ကုသင့်သည်ဟု ပညာရှင်များ ပြောကြား

alt

HIV ဝေဒနာရှင် များအား ကုသပေးမှုကို စောစီးစွာ ပြုလုပ် သင့်ကြောင်း ဆေးသုတေသီ ဆရာဝန်များက ပြောကြားလိုက်သည်။

AIDS ရောဂါဆိုင်ရာ သုတေသန ပညာရှင် ဒေါက်တာ ဒေးဗစ်ဟိုး က HIV လူနာ အတော်များများသည် ကနဦး အဆင့် ကုသခံရမှု အားနည်းချက် များကြောင့် AIDS ရောဂါအဆင့်သို့ စောစီးစွာ ကူးပြောင်း သွားတတ်ကြောင်း ရှင်းပြလိုက်သည်။

Aaron Diamond AIDS Research Centerမှ သုတေသီ တဦးလည်းဖြစ်သည့် ဒေါက်တာဒေးဗစ်က HIV ရောဂါပိုး ကူးစက်ခံရကာစ လူနာတဦးအား စောစောစီးစီး ကုသမှုများ ပြုလုပ်ပေးပါက AIDS ဖြင့် သေဆုံးရမှု အခြေအနေကို ကြီးကြီးမားမား လျှော့ချနိုင်မည်ဟု ပြောကြားသွားသည်။

သို့သော်လည်း HIVပိုး ကူးစက်ခါစ လူနာတဦး အနေနှင့် မိမိကိုယ်ကို ပိုးကူးစက်မှန်း မသိသေးခြင်းသည် ဖြေရှင်းရန် ခက်ခဲနေသည့် ပြဿနာ တရပ်ဟု သုတေသီများက ၀န်ခံခဲ့ကြသည်။

ထို့အပြင် မည်သည့် အတိုင်းအတာအထိ စောစီးစွာ ကုသခြင်းဖြင့် သေနှုန်းကို လျှော့ချနိုင်မည် ဆိုခြင်းမှာလည်း အတိအကျ မဖော်ထုတ် နိုင်သေးပေ။ ၀ါရှင်တန် တက္ကသိုလ်မှ ဒေါက်တာ မာရီယာ ကီတာ ဟာတာ ကမူ HIV ရောဂါပိုး ကူးစက်ခံရပြီး AIDS အဆင့်သို့ မရောက်ရှိမီ စောစီးစွာ ကုသမှု ခံယူခွင့်ရသည့် လူနာတဦးသည် သာမန်အတိုင်း အသက်ရှည်စွာ နေထိုင်နိုင်ရန် (၉၄) ရာခိုင်နှုန်းမျှထိ အခွင့်အရေးရှိကြောင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here