Conficker ကြောင့် IBM ကွန်ပြူတာများ အထိနာ

alt

Conficker ဗိုင်းရပ်စ်၏ တိုက်ခိုက်မှုကို ဒုတိယ အဆိုးရွားဆုံး ခံခဲ့ရသည့် IBM ကုမ္မဏီက နှစ်ရက် အတွင်း ၎င်း၏ ထုတ်ကုန် ကွန်ပြူတာ စုစုပေါင်း၏ (၄) ရာခိုင်နှုန်းမျှ အဆိုပါ ဗိုင်းရပ်စ် ကူးစက်မှုကို ခံခဲ့ရကြောင်း အတည်ပြု ပြောဆိုခဲ့သည်။

Conficker.C အမည်ရှိ Worm သည် ကမာ္ဘတလွှားရှိ PC ကွန်ပြူတာများကို ဦးတည် တိုက်ခိုက်ခဲ့ရာမှ နောက်ပိုင်းတွင် အင်တာနက် လုံခြံုရေး အဖွဲ့အစည်းများက ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ခဲ့ပြီဟု ကြေညာခဲ့သည်။

IBM က (၂၄) နာရီကြာမျှ ၎င်းတို့၏ ကွန်ပြူတာများကို စစ်ဆေးရေး Scan စစ်ပြီးနောက် ကွန်ပြူတာ (၂)သန်းကျော် အနက် (၄) ရာခိုင်နှုန်းသည် ဗိုင်းရပ်စ် တိုက်ခိုက်မှုနှင့် ကြံုတွေ့ခဲ့ကြောင်း ဖြေကြားလိုက်သည်။

မူလက ကုမ္မဏီ အနေနှင့် (၁) ရာခိုင်နှုန်းမှ (၂) ရာခိုင်နှုန်း ကြားမျှသာ တိုက်ခိုက်မှု ခံရမည်ဟု မျှော်လင့်ခဲ့သော်လည်း ပိုမို ဆိုးရွားစွာ ပြန့်နှံ့ သွားခဲ့ကြောင်း၊ ယခုလို ဖြစ်ရခြင်းသည် Network လမ်းကြောင်းများမှ ကူးစက် သွားခြင်းကြောင့် ဖြစ်နိုင်ကြောင်း IBM က သုံးသပ်ထားသည်။

Conficker ဗိုင်းရပ်စ်သည် (၂၀၀၇) ခုနှစ်၊ အောက်တိုဘာလမှ စတင်ပြီး အင်တာနက် ကွန်ယက်များအတွင်း ပြန့်နှံ့လာခဲ့ပြီး ယခုတိုင် ပြန့်နှံ့နေဆဲပင် ဖြစ်သည့် Conficker.C သည် နောက်ဆုံး Version ဗိုင်းရပ်စ်ဖြစ်သည်။

ကျွမ်းကျင်သူများက Conficker ကြောင့် ပျက်စီးခဲ့သော ကွန်ပြူတာ အရေအတွက် (၂)သန်းမှ (၄)သန်းအကြား ရှိနေနိုင်ကြောင်း ခန့်မှန်း ထားသော်လည်း IBM ၏ အဆိုအရ ကွန်ပြူတာ ပျက်စီးမှု (၁၀)သန်းကျော်မျှ ရှိနေနိုင်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here