နှစ်(၆၀) ပြည့်သွားပြီ ဖြစ်တဲ့ နေတိုး စစ်ရေးမဟာမိတ် စာချုပ်အဖွဲ့

alt

ဥရောပနိုင်ငံ ခေါင်းဆောင်များ အနေနှင့် နေတိုး (NATO) အဖွဲ့ နှစ်(၆၀)ပြည့် အခမ်းအနားသို့ တက်ရောက်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

အမေရိကန် သမတ ဘာရက် အိုဘားမား သည်လည်း ၎င်း၏ စစ်ရေး မဟာမိတ် နိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ပြင်သစ်နိုင်ငံ၊ စထရမ်းဘော့ဂ် တွင် ကျင်းပမည့် အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သည်။

(၂၆) နိုင်ငံထိ ပါ၀င်လာပြီ ဖြစ်သော နေတိုး အဖွဲ့အား ဒုတိယ ကမာ္ဘစစ်ကြီး ပြီးဆုံးပြီး ကာလအတန်ငယ် အကြာ ကတည်းက ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး လက်ရှိကမာ္ဘ့ အင်အား အတောင့်တင်းဆုံး စစ်ရေး မဟာမိတ် အဖွဲ့ကြီးအဖြစ် ရပ်တည်လျှက် ရှိသည်။

ပြင်သစ် သမတ နီကိုလတ် ဆာကိုဇီ က ယခုနှစ်(၆၀)ပြည့် အခမ်းအနားတွင် နေတိုးအဖွဲ့ အတွက် အရေးပါသော ဆုံးဖြတ်ချက် အသစ်များ သဘောတူညီစွာ ချမှတ်နိုင်ရန် မျှော်လင့်ကြောင်း ကြိုတင် ပြောကြားလိုက်သည်။ အီရတ် စစ်ပွဲတွင် နေတိုးနိုင်ငံများ အတွင်း သဘောကွဲလွဲမှု အချို့ ပေါ်ပေါက်ခဲ့ရကြောင်း၊ ထိုအခြေအနေမျိုး နောက်ထပ်မဖြစ်အောင် ညှိနှိုင်းမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ဆာကိုဇီက ပြောဆိုလိုက်သည်။

ထို့အပြင် ဥရောပ နေတိုး မဟာမိတ် ခေါင်းဆောင်များ အနေနှင့် အမေရိကန်သမတဟောင်း ဂျော့ဘုရှ်နှင့် (၈)နှစ်ကြာ လက်တွဲဆောင်ရွက်မှုများ ပြီးဆုံးခဲ့ပြီးနောက် လက်ရှိ ခေါင်းဆောင်သစ် ဘာရက်အိုဘားမား နှင့် ဆက်ဆံရေးသစ် အတွက် စိတ်လှုပ်ရှားလျှက် ရှိကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here