ခြောက်ခြားဖွယ် သရုပ်ဆောင်မယ့် ဟီလာရီဒပ်(ဖ်)

alt

ဟီလာရီဒပ်(ဖ်) သည် မှုခင်းရုပ်သံ အစီအစဉ် တခုတွင် ဧည့်သည် အဖြစ် ၀င်ရောက် သရုပ်ဆောင်မည် ဖြစ်သည်ဟု ကြေညာလိုက်သည်။

NBC ရုပ်မြင်သံကြားမှ တင်ဆက်သော မှုခင်းရုပ်မြင်သံကြား ဇာတ်လမ်းတွဲ Law & Order: SVU ၏ Ghost Whisperer ဆိုသည့် ဇာတ်လမ်းတိုတွင် ဟီလာရီ ပါ၀င်မည်ဟု သတင်းများက ဟိုးလေးတကျော် အမေရိကန်နိုင်ငံတွင် ဖော်ပြခဲ့ကြသည်။

အသက်(၂၁)နှစ် ရှိပြီဖြစ်သော အဆိုတော်၊ မင်းသမီးလေးက သူမ အနေနှင့် ရုပ်သံစီးရီးများတွင် ပြန်လည်ပါ၀င် သရုပ်ဆောင်ရန် အားထည့် သွားမည်ဟု ပြောဆိုထား သူဖြစ်သည်။  NBC က ဟီလာရီ ပါ၀င်မည့် ကိစ္စအား အတည်ပြုခဲ့ပြီး ဟီလာရီ ပါ၀င်မည့် ဇာတ်ရုပ်သည် သည်းထိတ်ရင်ဖို၊ ခြောက်ခြားစရာ အနေအထားမျိုး ဖြစ်နိုင်ကြောင်း အရိပ်အမြွက် ပြောကြားထားသည်။

သို့သော်လည်း မင်းသမီးလေး ပါ၀င်မည့် ဇာတ်ရုပ် တိတိကျကျကို ဖော်ပြခဲ့ခြင်း မရှိခဲ့ချေ။ ဟီလာရီသည် (၁၉၆၇) ခုနှစ်ထုတ် ရုပ်ရှင်ဇာတ်ကား Bonnie & Clyde ကို အခြေခံ ရိုက်ကူးထားသည့် The Story of Bonnie & Clyde ဇာတ်ကားတွင် အဓိက ဇာတ်ဆောင် Clyde အဖြစ် သရုပ်ဆောင်ရန်လည်း သဘောတူညီမှု ရရှိထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here