အာကာသသို့ ပစ်လွှတ်မည့် မြောက်ကိုရီးယား ဒုံးကျည် ဆီဖြည့် ပြီးစီး

alt

ယခု ရက်သတ္တပါတ် အကုန်မှာ ပစ်လွှတ်လိမ့်မယ်လို့ ယူဆရတဲ့ မြောက် ကိုးရီးယားက အာကာသသို့ လွှတ်တင်မဲ့ ဒုံးပျံယာဉ်ဟာ ပစ်လွှတ်ရန် ဆီဖြည့် ပြီးစီးသွားပြီဟု စီအန်အန် သတင်းအရ သိရှိရသည်။

တာဝေးပစ် ဒုံးကျည် တေပိုဒုန်း-၂ သဏ္ဍာန် ဖုံးကွယ် ထားသည့် အာကာသသို့ ပစ်လွှတ်မည့် ဒုံးပျံအား တောင်ကိုရီးယား၊ ဂျပန် နှင့် အမေရိကန် နိုင်ငံတို့မှ နျူကလီယား ထိပ်ဖူးတပ် ပစ်လွှတ် နိုင်သည်ဟု ယူဆကာ ပစ်လွှတ်ပါက တန်ပြန်ပစ်ခွင်း ခြေမှုန်းမည်ဟု ကြေညာရာမှ ဒေသတွင်း အခြေအနေ တင်းမာကာ ပဋိပက္ခ အခြေအနေ အသွင်သဏ္ဍာန် ဆောင်လာခြင်း ဖြစ်သည်။

အထက်ပါဒုံးပျံအား နောက်ဆုံးအဆင့် ဖြစ်သော ဆီဖြည့်ခြင်းပြီးစီးပြီဟု ဝါရှင်တန်မှ လာသော သတင်းများအရ စီအန်အန်မှ ပြောဆိုသော်လည်း ဆိုးလ်အာဏာပိုင်များက သတင်းကို အတည်ပြုချက်မရသေးဟုသာ ဖြေဆိုသည်။

လန်ဒန်တွင်ကျင်းပနေသော ဂျီ၂၀ ထိပ်သီး ညီလာခံ တက်ရောက်နေသော အမေရိကန် သမတ အိုဘားမားအဖို့ မြောက်ကိုရီးယား ဒုံးကိစ္စမှာ အကဲဆတ်ဖွယ် ကြီးမားသော စိန်ခေါ်မှုကြီး တခု ဖြစ်နေပေသည်။ အလားတူ တေပိုဒုန်း – ၂ ဒုံးယာဉ်အား ၂၀၀၆ခုနှစ် ဂျူလိုင်လက စမ်းသပ် ပစ်လွှတ်ဖူးသည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here