Slumdog Millionaire ခလေး သရုပ်ဆောင်အား ဂျိုလီ မွေးစားဖွယ်

alt

Slumdog Millionaire ဇာတ်ကားမှ ကလေးသရုပ်ဆောင် တဦးဦးကို အင်ဂျလီနာ ဂျိုလီ မှ မွေးစား သွားဖွယ်ရှိကြောင်း အွန်လိုင်း သတင်းဂျာနယ် များက ခန့်မှန်း ရေးသားလျှက် ရှိနေကြသည်။

လက်ရှိ အချိန်တွင် ချစ်သူ ဘရတ်ပစ် နှင့် မွေးစား ကလေးငယ်များ အပါအဝင် ကလေး (၆) ဦးရှိသည့် ဂျိုလီသည် အော်စကာ ဆုပေးပွဲတွင် Slumdog သရုပ်ဆောင်လေးများ ဖြစ်သည့် အသက် (၁၀)နှစ်အရွယ် အက်ဇာ ဟာရက်ဒင် နှင့် အသက်(၉)နှစ် အရွယ် ရူဘန်နာ အလီ တို့အား တွေ့ဆုံ ခဲ့ဖူးခဲ့သလို သူမ ကိုယ်တိုင်လည်း အိန္ဒိယ ကလေးငယ်တဦးကို မွေးစားနိုင်သည့် အလားအလာ ရှိကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့ဖူးသည်။

သတင်းထောက်များက ဂျိူလီအား မွမ်ဘိုင်းမြို့ရှိ ဆင်းရဲသား ရပ်ကွက်တခုတွင် နေထိုင်ရသည့် Slumdog သရုပ်ဆောင်လေး တဦးဦးအား မွေးစားရန် အစီအစဉ် ရှိ-မရှိ မေးမြန်းခဲ့ရာ ဂျိုလီက လောလောဆယ်တွင် ထိုအခြေအနေသည် လျှို့ဝှက်ချက် တခုဟု သတ်မှတ် ရဦးမည့်တိုင် ဖြစ်လာရန် နီးစပ်ပါကြောင်းသာ ဖြေကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here