မြန်နှုန်း ဆက်လက် ကျဆင်းနေဆဲ မြန်မာ အင်တာနက်

alt

အင်တာနက် မြန်နှုန်းများ မြန်မာနိုင်ငံ အတွင်း ဆက်လက် ကျဆင်းနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

ထို အခြေအနေကြောင့် ပြည်တွင်း သတင်းမီဒီယာ လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများ၊ ပို့ကုန် လုပ်ငန်းများတွင် ဆက်သွယ်ရေး ဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ် နေရသလို ပြည်တွင်းရှိ အင်တာနက်ကဖေး များလည်း လုပ်ငန်းကိုင်ငန်း အဆင်မပြေ ဖြစ်သောကြောင့် စိတ်ပျက်နေသည်ဟု ဆိုကြသည်။

မတ်လ (၂၁)ရက်နေ့ မှစပြီး Backbone Fiber Optic Cable ကြိုးကြီး ပြုပြင်မည် ဆိုသော အကြောင်းပြချက်ဖြင့် မြန်မာနိုင်ငံ အတွင်း အင်တာနက် စနစ်များ မြန်နှုန်းလျှော့ချခြင်း၊ အချို့နေရာများတွင် လုံးဝ ဖြတ်တောက် ပစ်လိုက်ခြင်း စသည့် လုပ်ရပ်များ ပြုလုပ်ပြီး ပြင်ဆင် ပြီးစီးမည့်ရက်ကို တစထက်တစ အချိန်ရွှေ့ လာခဲ့ရာ ယခုအခါ ဧပြီလ (၃)ရက်နေ့ ညနေပိုင်းမှ ပြင်ဆင်မှုအားလုံး ပြီးစီးမည်ဟု ထပ်မံ ကြေညာခဲ့ပြန်သည်။

မြန်မာတယ်လီပို့တ် ကမူ မမျှော်မှန်းနိုင်သော အခက်အခဲများ ကြံုတွေ့ နေရသောကြောင့် နှောင့်နှေးနေကြောင်း အကြောင်းပြ ထားသည့်တိုင် အင်တာနက် နှင့် ဆက်သွယ်မှု နည်းပညာ တိုးတက်ရေးအား လိုက်လံ တားဆီးနေသည့် မြန်မာ စစ်အစိုးရ၏ ရည်ရွယ်ချက် တခုခု ရောစွက်ပါ၀င်ဖွယ် ရှိနေကြောင်း နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here