G-20 အစည်းအဝေး တက်ရောက်ရန် ထိပ်သီးခေါင်းဆောင်များ ရောက်ရှိ

alt

စက်မှု အင်အားကြီး နိုင်ငံကြီး (၂၀) တို့ ဖွဲ့စည်းထားသည့် G-20 ညီလာခံ အတွက် လန်ဒန်မြို့သို့ သက်ဆိုင်ရာ နိုင်ငံခေါင်းဆောင်များ ရောက်ရှိလာကြပြီ ဖြစ်သည်။

ကမာ္ဘ့ ထိပ်တန်းနိုင်ငံ့ ခေါင်းဆောင်ကြီးများ အနေနှင့် လက်တလော ဖြစ်ပေါ်နေသည့် ကမာ္ဘ့ငွေကြေး အကြပ်အတည်း အတွက် ယခု ညီလာခံတွင် အဓိကထား ဆွေးနွေးသွားမည်ဟု သိရသည်။

အမေရိကန် သမတ ဘာရက် အိုဘားမား နှင့် အခြားနိုင်ငံ ခေါင်းဆောင် အသီးသီးတို့အား အစည်းအဝေး၏ အိမ်ရှင်နိုင်ငံ ဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက ဧပြီလ (၂)ရက်နေ့တွင် တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။

အိုဘားမားက ဥရောပနိုင်ငံ အစိုးရများအား စီးပွားရေး အကြပ်အတည်းအား ရင်ဆိုင်တွန်းလှန်ရန် ငွေကြေး ပိုမိုသုံးစွဲစေလိုကြောင်း တိုက်တွန်းနေခဲ့သည်။ ယခု အစည်းဝေးပွဲ၏ အိမ်ရှင်ဖြစ်သော ဘရောင်းရော၊ အိုဘားမားကပါ G20 ညီလာခံကြောင့် အဖွဲ့ဝင်များအကြား ပိုမိုနားလည်မှု ခိုင်မာလာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ အချိန်တွင် အိုဘားမား၏ ငွေကြေး ပိုမိုသုံးစွဲစေရေး တိုက်တွန်းမှုအပေါ် ပြင်သစ်နှင့် ဂျာမနီတို့က လက်ခံခြင်း မရှိသေးဘဲ ဈေးကွက် အခြေအနေကို လေ့လာ သုံးသပ်မှုများ ပြုလုပ်သွားဦးမည်ဟု တုန့်ပြန် ကြေညာထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here