မူးယစ် ထုံထိုင်းစေသော အကိုက်အခဲ ပျောက်ဆေး ၁၄မျိုး FDA ပိတ်ပင်

alt

အမေရိကန် နိုင်ငံတလွှား တွင်ကျယ်စွာ အသုံးပြု နေသော အကိုက်အခဲ ပျောက်ဆေး ၁၄မျိုးတွင် မူးယစ် ထုံထိုင်း စေသော ဆေး အာနိသင်များ တွေ့ရှိရ၍ ယမန်နေ့က FDA မှ

၂လအတွင်း  ရောင်းချမှု ရပ်၍ ဈေးကွက် ထဲမှ ဖယ်ရှားပစ်ရန် အမိန့် ထုတ်ပြန် လိုက်သည်။

အမေရိကန် ဆေးကုမ္မဏီ ၉ခုမှာ မူးယစ်စေသော အာနိသင်ပါဝင်သည့်  အကိုက်အခဲ ပျောက်ဆေးများတွင် တွေ့ရှိရမှုကြောင့်  FDA မှ ငြင်းဆန်ခြင်း ခံရပြီး နံမည်ကြီးဆေး ကုမ္မဏီများဖြစ်သော Boehringer Ingelheim’s Roxane Inc unit, Covidien Ltd’s Mallinckrodt unit and Glenmark Pharmaceuticals တို့ပါဝင်သည်ဟု သိရှိရသည်။

FDA ၏ ပြောကြားချက်အရ ထိုဆေး၁၄မျိုးတွင် မော်ဖင်း၊ ဟိုက်ဒရိုမိုဖုန်း၊ အောက်စီကိုဒုန်း တို့ ပါဝင်နေသည်ဟု အမေရိကန် စားသောက်ကုန် လုပ်ငန်း နှင့် ဆေးဝါး ကြီးကြပ်ရေးဋ္ဌာန မှ ကြေညာတားမြစ် လိုက်သည်။

ငြင်းဆန်ခံရသော ကိုဗီဒန်း ကုမ္မဏီမှ ပြောရေးဆိုခွင့် ရှိသူ စတိဗ် လစ်တဲယ်ဂျွန်မှ ယခုလုပ်ရပ်မှာ အမေရိကန်နိုင်ငံ၏ နှစ်စဉ် ပြည်တွင်းအခွန်ငွေ ဒေါ်လာ၁၀မီလျံ လျော့ကျသွားစေခြင်း ရလဒ်သာ  ဖြစ်ပေါ်စေသည်ဟု ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here