ချဲလ်ဆီးတွင် ကစားသမားဘဝ ကုန်ဆုံးလိုသည့် ဒရော့ဘာ

alt

ဒီဒီရာ ဒရော့ဘာက ၎င်းအနေနှင့် ချဲလ်ဆီးမှ ထွက်ခွာရန် ပြင်ဆင်နေသည် ဆိုသော သတင်းများကို ငြင်းပယ်ကာ ချဲလ်ဆီး အတွက် ဘောလုံးသမားဘဝ ကုန်ဆုံးသည်အထိ ကစားသွားရန် ရည်ရွယ်ထားကြောင်း ပြောကြား လိုက်သည်။

အသက် (၃၀)ရှိ အိုင်ဗရီကို့စ် တိုက်စစ်မှူးအား အေစီမီလန် ကဲ့သို့ ဥရောပ ထိပ်တန်း အသင်းများက စိတ်ဝင်စားနေသလို အသင်းဟောင်း အိုလံပစ် မာဆေးကလည်း ပြန်ခေါ်လိုသည့် အရိပ်အယောင်များ ပြသလျှက် ရှိနေသည်။

ဒရော့ဘာ သည် ချဲလ်ဆီး နည်းပြဟောင်း စကိုလာရီ လက်ထက်က အသင်းတွင် နေရာ မရရှိခဲ့သော်လည်း လက်ရှိနည်းပြ ဂူးဟစ်ဒင့်၏ ဦးဆောင်မှု အောက်တွင် ပုံမှန် ပွဲထွက်ခွင့်ရနေပြီး ခြေစွမ်းပြ ဂိုးများသွင်း လျှက်ရှိသည်။

ဒရော့ဘာက ၎င်းအနေနှင့် ချဲလ်ဆီးတွင် ခက်ခဲသော ကာလအချို့အား ရင်ဆိုင် ခဲ့ရကြောင်း၊ သို့သော်လည်း ယခုအခါတွင် လန်ဒန် အခြေစိုက် ကလပ်အသင်းတွင် ပျော်ရွှင်နေပြီ ဖြစ်ကြောင်း မီဒီယာများမှ ဖော်ပြသကဲ့သို့ အသင်းအား စွန့်ခွာရန် စဉ်းစားမနေဘဲ ချဲလ်ဆီးအသင်းတွင် ကစားသမားဘဝ ကုန်ဆုံးချိန်အထိ ဆက်ရှိနေရန် မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here