အင်္ဂလန်အသင်းခြေစွမ်းကို နည်းပြဖြစ်သူ အားမရသေး

alt

ယူကရိန်း ကို အနိုင် ရရှိခဲ့သော (၂၀၁၀) ကမာ္ဘ့ဖလား ခြေစစ်ပွဲအပြီးတွင် အင်္ဂလန် နည်းပြကြီး ဖေဘီယိုကာပယ်လို က အသင်း၏ ခြေစွမ်း ကို အားမရ သေးကြောင်း ပြောကြား လိုက်သည်။

ခြေစစ်ပွဲစဉ် အားလုံးတွင် အနိုင်ရထားပြီး အုပ်စု ကိုဦးဆောင် နေသော အင်္ဂလန်အသင်း နှင့် ပတ်သတ်ပြီး ကာပယ်လိုက ၎င်း အနေ နှင့် အသင်း အောင်ပွဲ အတွက် ကျေနပ် မိသော်လည်း အင်္ဂလန် အနေ နှင့် ဘောလုံး ဆုံးရှုံးမှု များပြားလွန်း နေကြောင်း ပြစ်တင် ပြောဆိုခဲ့သည်။ ယခုပွဲသည် အလွန် အရေးပါ သလို အနိုင်ရအောင် ကြိုးစား ကစားခဲ့သည့် ဘောလုံးသမားများကို ချီးကျူးပါကြောင်း၊ သို့သော်လည်း ၎င်းတို့ သည် အကောင်းဆုံး ကစား သွားသည်ဟု တော့ မိမိအနေ နှင့် ပြောမည် မဟုတ်ကြောင်း ကာပယ်လို ကဆိုသည်။

ပထမပိုင်း အကောင်းဆုံး ကစား နိုင်သော်လည်း ဒုတိယပိုင်း တွင် ပွဲကို ထိန်းချုပ်မှု အားနည်း ခဲ့ကြောင်း၊ ယူကရိန်းမှာ အသင်းကောင်း တစ်သင်း ဖြစ်သဖြင့် ချေပဂိုး ပေးလိုက်ရပြီးမှ ကံတရားနှင့် ကြိုးစားမှု တို့ကြောင့် အနိုင် ရရှိခဲ့ခြင်း ဖြစ်ကြောင်း ကာပယ်လိ်ု ကပြောဆိုခဲ့သည်။ အင်္ဂလန်သည် ထိုနေ့က ပွဲစဉ်တွင် ပီတာခရောက်ချ် နှင့် ဂျွန်တယ်ရီ တို့က သွင်းယူ ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here