Blackberry ၏ Mobile Application စတင်မိတ်ဆက်

alt

Blackberry သည် ၎င်း၏ မိုဘိုင်းလ် Application ကမာ္ဘအား မိတ်ဆက် ဖွင့်လှစ်လိုက်ပြီး ထိုနေရာသည် Blackberry ၏ မိုဘိုင်းလ် ဖုန်းဈေးကွက်ကို ပိုမိုချဲ့ထွင်မည့် ခြေလှမ်း တရပ်လည်း ဖြစ်လာခဲ့သည်။

Google သည် ၎င်း၏ Android နည်းပညာသုံး မိုဘိုင်းလ်ဖုန်းများ ပိုမို ရောင်းချနိုင်စေရန် လွန်ခဲ့သော(၄)လက Android Market ဖွင့်လှစ်ခဲ့ပြီး ဖေဖော်ဝါရီလမှ စတင်ကာ Application များ ရောင်းချပေးခဲ့သည်။

မေလအတွင်း Nokia သည် Ovi Store စနစ်ကို အသက် သွင်းပြီးနောက် Palm သည်လည်း Palm Pre အမည်ဖြင့် Application များ ဖြန့်ချီရန် ချိန်ဆလျှက် ရှိနေပေသည်။

ထိုအချိန်တွင် Microsoft က ၎င်း၏ Windows ဖုန်းများ ရောင်းချမှုကို ယခုနှစ်ကုန်တွင် အင်တိုက်အားတိုက် ပြုလုပ်သွားရန် ဈေးကွက်ကို စောင့်ကြည့်နေပြီ ဖြစ်သည်။ Apple အနေနှင့်လည်း ပြိုင်ဘက်မိုဘိုင်းလ် ကုမ္ပဏီများ၏ ဈေးကွက်အတွင်း အပြင်းအထန် ပြိုင်ဆိုင်နေမှုကြောင့် ဇူလိုင်လကတည်းက Apple’s iPhone Application စတိုးကို ဖွင့်လှစ်ထားခဲ့ရာ ထိုစတိုးမှ Application အမျိုးအစား (၂၅၀၀၀)ကျော်ကို Download လုပ် ၀ယ်ယူမှုမှာ အကြိမ်ရေ သန်း(၈၀၀)မျှ အထိ ရှိခဲ့ကြောင်း သိရသည်။

Google ၏ Android သည် Application (၂၃၀၀)မျှကို လွှင့်တင်ထားပေးသော်လည်း Apple လောက် အောင်မြင်မှု မရရှိသေးချေ။ iPhone ၏ OS ကို အဆင့်မြှင့်မှုများ ပြုလုပ်ပေးရန် Apple က ပြင်ဆင်နေပြီး မိုဘိုင်းလ်ဖုန်း လောကတွင် ဆက်လက် အောင်မြင်နေစေရန် နည်းလမ်းမျိုးစုံဖြင့် ချဉ်းကပ်သွားရန် Apple က စိုင်းပြင်းလျက်ရှိသည်။

Apple အနေနှင့်မူ ဥရောပနှင့် အမေရိကား ဈေးကွက်အတွက် Blackberry နှင့် Nokia တို့အား အဓိကထား ယှဉ်ပြိုင်သွားရဖွယ်ရှိကြောင်း မိုဘိုင်းလ်ဖုန်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here