ကျေးဇူး ကို အဘိဓါန်က ထုတ်လိုက်တယ်

alt

သမီးကို တခါမှ ကျေးဇူးအကြောင်း ပုံမပြောခဲ့ပါ
တခါသေဘူး ပျဉ်ဘိုးနားလည်ဖို့ ဆုံးမတယ်
တလုပ်စားဖူး သူ့ကျေးဇူးတွေကြောင့် အလုပ်တွေ ခက်ခဲတယ်…

မပြီးဆုံးတတ်တဲ့ ကျေးဇူးတွေကို မုန်းတယ်
အားနည်းသူနဲ့ အဆင်မပြေသူတွေကို
ကူညီဖို့ အဆင်သင့်ဖြစ်တတ်ခဲ့။

ကွမ်းတံတွေးလောက်တောင်
မရဲခဲ့ဘူးတဲ့သွေးတွေနဲ့ ကျော်ဖြတ်
ကံမကောင်းတတ်ပေမဲ့
မျှော်လင့်ချက်အပြည့်နဲ့ပဲ ထီထိုး
ကာလတခုမှာ ပီတိရပေမဲ့
ပြီးတော့လည်း ဆုံးရှုံးသွားပုံမျိုး။

ငါ့နောက်ကို ထိုးမဲ့ဓါး
သွေးပေးလိုက်ရတဲ့ အဖြစ်မျိုး
ဓါးသွေးကျောက်တွေပါး
လက်မောင်းတွေကြီး ယောင်ခဲ့ပုံ
ပြန်စဉ်းစား ပြန်စဉ်းစား
အမြီးမကျက်ခင် ခေါင်းကုန်နေတာကို
ဘယ်သူကများ သတိပေးဘူးပါလိမ့်။

ကွမ်းသီးအထွက်မကောင်းလို့
ရံပုံငွေအထည့်နည်းတာကို
အရှုံးအမြတ်တွက်ပြီး
လူတန်းစား တူညီရေးပြောတာကို
တချိန်တုံးက လေးစားခဲ့သူတွေက
ဒီမိုကရေစီ ဈေးကျတဲ့အချိန်မှာ
ဂိုဒေါင်နဲ့ လှောင်ဘို့ လုပ်နေတာတွေ့ရ
ရွေးကောက်ပွဲဆိုတာ
၈၈ မတိုင်ခင် သမဝါယမက ထုတ်ပေးတဲ့ ဆန်လို
ပိုးထိုးလောက်ကိုက် စပါးလုံးများတာတော့
ကျိန်းသေလောက်ရဲ့။

အမေတို့ရေ
အသက်တွေကြီး မျက်မှန်တပ်ရတာတောင်
ဒီတကြိမ်တော့ ပိုးထိုးလောက်ကိုက်
အသုံးမကျတဲ့ အဖျင်းအမော်တွေကို
လေထဲမှာပဲ ပျောက်အောင် ပျက်အောင်
သန့်ရှင်းပေးပါဦး ခင်ဗျား။

မောင်ကြီးငြိမ်းချမ်း

LEAVE A REPLY

Please enter your comment!
Please enter your name here