Slipknot ဟဲဗီးမက်တယ်လ် သီချင်းက လူသတ်ချင်အောင် လှုံ့ဆော်ခဲ့

alt

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားတွင် နေထိုင်သည့် စုံတွဲ တတွဲသည် လူတဦးအား ရက်ရက်စက်စက် ဓားနှင့် ထိုးမသတ်ခင် နာမည်ကြီး ဟဲဗီး မက်တယ်လ် ဂီတအဖွဲ့ Slipknot ၏ သီချင်း တပုဒ်အား နားထောင် ခဲ့ကြကြောင်း သိရှိရသည်။

၂၀၀၃ ခုနှစ် အတွင်းက ဂျေဆင်ဟဲရစ် နှင့် အမ်ဘာ ရို့စ်ရယ်လေး တို့ ချစ်သူနှစ်ဦးမှာ ဂျေဆင်၏ သူငယ်ချင်းဖြစ်သူ အသက်(၂၂) နှစ်အရွယ် တယ်ရီတေလာ အား ထိုသွေးထိုး လှုံ့ဆော်သော သီချင်းများ နားထောင်၍ သတ်ဖြတ် ခဲ့ကြသည်။

ဆမ်ဘနာ ဒီနိုး တရားရုံးက ဂျေဆင်အား တေလာ၏ လည်ပင်းကို အချက်(၂၀)ကျော် ဓားနှင့် ထိုးခဲ့သည့် ပြစ်မှု ထင်ရှားသဖြင့် ပြီးခဲ့သည့်နှစ် ဩဂုတ်လက ထောင်ဒဏ်နှစ်(၅၀) ကျခံရန် စီရင်ချက် ချမှတ်ခဲ့သည်။

ဂျေဆင်၏ ချစ်သူ အမ်ဘာ ကိုလည်း လူသတ်မှုအတွင်း ပူးပေါင်း ပါ၀င်မှုဖြင့် မတ်လ(၁၉) ရက်နေ့က စတင် စစ်ဆေးရာ သူမတို့ စုံတွဲသည် အမ်ဘာကို မသတ်မီ ရက်စက်မှု အသားပေး စာသားများဖြင့် စပ်ဆိုထားသော Slipknot ၏ သီချင်းတပုဒ်အား နားထောင်ခဲ့ကြောင်း အမ်ဘာက ထွက်ဆိုခဲ့သည်။

သီချင်း ထဲတွင် လူတဦးအား ဓားနှင့် ထိုးသတ်မှုအတွက် ခံစားချက်များကို စုံစုံလင်လင် ထည့်သွင်း သီဆိုထားပြီး ထိုသီချင်းသည် သူမတို့ နှစ်ဦးအတွက် ရက်စက်ချင် စိတ်များ ပေါ်ပေါက် လာစေကြောင်း အမ်ဘာက ရုံးတော်၌ ၀န်ခံလိုက်သည်။ သူမအား ကြားနာ စစ်ဆေးမှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်သလို Slipknot အဖွဲ့ ကိုလည်း လိုအပ်လာလျှင် ရုံးတော်သို့ ဆင့်ခေါ် မေးမြန်း စစ်ဆေးဦး မည်ဖြစ်ကြောင်း တရားရုံးက ထုတ်ပြန် ကြေညာခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here