နေပြည်တော်-ရန်ကုန် အဝေးပြေး ကားလမ်းမသစ်ကြီး ဖွင့်လှစ်

alt

မြန်မာနိုင်ငံ၏ ယခင်မြို့တော် နှင့် ယခုမြို့တော်ကို ဆက်သွယ် ပေးထားသည့် ရန်ကုန်-နေပြည်တော် အဝေးပြေး လမ်းမကြီးအား မတ်လ(၂၅) ရက်နေ့က ဖွင့်လှစ် လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

မတ်လ(၂၆) ရက်နေ့က မြန်မာ အစိုးရပိုင် သတင်းစာများတွင် မြို့တော်သစ် နေပြည်တော်နှင့် ယခင်မြို့တော် ရန်ကုန်တို့အား ဆက်စပ်ပေးသည့် (၃၂၃) ကီလိုမီတာ အရှည်ရှိ ကွန်ကရစ် လမ်းမကြီး ဖွင့်ပွဲအား ရေးသား ဖော်ပြခဲ့ကြသည်။

ထိုလမ်းပိုင်းသည် ရန်ကုန်-မန္တလေး အဝေးပြေးလမ်း နှင့် ဆက်စပ် သွားကြောင်း သိရသည်။ မြန်မာ အစိုးရအဖွဲ့ အတွင်းရေးမှူး(၁) ဗိုလ်မှူးချုပ် သီဟသူရ တင်အောင်မြင့်ဦးက ယခုလမ်းမကြီးကို ဖောက်လုပ် နိုင်ခဲ့ခြင်းသည် မြန်မာ အင်ဂျင်နီယာ များ၏ စွမ်းရည်နှင့် ကြိုးစားမှုကြောင့် ဖြစ်ကြောင်း၊ လမ်းမကြီး ပြီးဆုံးသွားမှု အတွက် အစိုးရရော၊ ပြည်သူများ အတွက်ပါ ဂုဏ်ယူစရာ ဖြစ်ရကြောင်း ပြောကြား သွားသည်။

ခံနိုင်ဝန် တန်(၈၀) ရှိပြီး နိုင်ငံတကာ အဆင့်မီ အဝေးပြေး ကားလမ်းမကြီး အဖြစ် သတ်မှတ်ခံရသည့် ရန်ကုန်-နေပြည်တော် ကားလမ်းမကြီးကို (၂၀၀၅) ခုနှစ်၊ ဧပြီလ ကတည်းက စတင် ဖောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here