မန်ချက်စတာ ခြေအချော်ကို စကက်တယ် မျှော်လင့်

alt

လီဗာပူးအသင်း နောက်တန်းလူ မာတင် စကက်တယ် က လက်ရှိ အင်္ဂလန်ချန်ပီယံ မန်ချက်စတာ ယူနိုက်တက် အနေနှင့် အချိန်မရွေး ခြေချော် သွားနိုင်ကြောင်း ယမန်နေ့က ပြောကြားလိုက်သည်။

၎င်းတို့ အသင်း၏ ခြေစွမ်းပြ ဖိအား ပေးလာနိုင်မှုကြောင့် အင်္ဂလန်နှင့် ဥရောပ ချန်ပီယံ အသင်းသည် ရမှတ်များစွာ ဆုံးရှုံးကာ လီဗာပူး ၏ ကျော်တက်မှုကို ခံရ နိုင်သည်ဟု အသက်(၂၄) နှစ်ရှိ စလိုဗက်ကီးယား နိုင်ငံတကာ ခံစစ်မှူး က မျှော််လင့်နေသည်။

မန်ချက်စတာသည် ပွဲပန်းမှု၊ စိုးရိမ်မှု များကြောင့် ရပ်တည်ချက် ယိမ်းယိုင် လာချိန်တွင် ၎င်းတို့ အသင်းကမူ နည်းပြကြီး ရာဖေး ဘင်နီတက် ဦးဆောင်မှုဖြင့် ခြေစွမ်းပြ နေမည်ဟု စကက်တယ်က ယုံကြည်နေ၏။

စကက်တယ် အနေနှင့် လီဗာပူးသည် မန်ချက်စတာကို ကျော်ကာ ပရီးမီးယား လိဂ် ချန်ပီယံ ဖြစ်လာမည်ဟု မျှော်လင့်နေသော်လည်း မန်ချက်စတာက ၎င်း၏ အသင်းအား တပွဲလျှော့ကစားပြီး တမှတ်အသာဖြင့် အမှတ်ပေး ဇယားကို ဦးဆောင် နေဆဲဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here