အမေရိကန် ခေတ်မီဂျက် တိုက်လေယာဉ် ပျက်ကျ

alt

အမေရိကန် လေတပ်၏ မဟာ ဗျူဟာမြောက် တိုက်လေယာဉ် F-22 Raptor တစင်း ပျက်ကျခဲ့ရာ လေယာဉ်မှူး သေဆုံး ခဲ့ရကြောင်း အမေရိကန် စစ်ဘက်ဆိုင်ရာ သတင်းဋ္ဌာနက ထုတ်ပြန် ကြေညာလိုက်သည်။

မတ်လ(၂၅) ရက်နေ့က ကယ်လီဖိုးနီးယားတွင် စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ် ယခုလို ပျက်ကျခဲ့ခြင်းဟု အက်ဒဝပ် လေတပ် အခြေစိုက်စခန်းက ကြေညာသည်။ လေတပ်စခန်း၏ အရှေ့မြောက်ဘက် သဲကန္တာရ အတွင်း ရေကန်ဟောင်းကြီး တခုထဲသို့ လေယာဉ် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း လေတပ်ဋ္ဌာနချုပ်က အတည်ပြု ပြောဆိုခဲ့သည်။

Lockheed Martin လေယာဉ် ကုမ္မဏီ၏ ဂုဏ် အယူရဆုံး တိုက်လေယာဉ်သည် အမေရိကန်၏ ခေတ်အမီဆုံး တိုက်ခိုက်ရေး ယန္တယား တခုအဖြစ် နာမည်ကြီး လျှက်ရှိပြီး လေယာဉ် မှာ သန်း၁၄၀ကျော် တန်ဖိုးရှိကာ ပထမအကြိမ် ၂၀၀၄ခုနှစ် ဒီဇင်ဘာတွင် ပျက်ကျစဉ်က လေယာဉ်မှူးမှာ လွတ်မြောက်ခဲ့ပြီး ယခုအကြိမ် ပျက်ကျသော လေယာဉ်မှာ ၂၀၀၇ခုနှစ် မော်ဒယ်အသစ် ဖြစ်ပြီး ပျက်ကျစဉ် ကွယ်လွန်ခဲ့သည့် လေယာဉ်မှူးမှာ အသက်(၄၉) နှစ်ရှိ ဒေးဗစ် ကူလေး ဆိုသူ ဖြစ်သည်။

၎င်းသည် လေယာဉ်မောင်းသက် (၂၁)နှစ်ရှိ ၀ါရင့်လေယာဉ်မှူး တဦးဖြစ်ကာ ကယ်လီဖိုးနီးယားရှိ F-22 များ စမ်းသပ် ပျံသန်းမှုတွင် ပါ၀င်နေသည့် ထိပ်တန်း လေသူရဲတဦးလည်း ဖြစ်သည်။ Lockheed Martin ကုမ္မဏီ ကမူ ယခု လေယာဉ်ပျက်ကျမှု အတွက်  စုံစမ်းစစ်ဆေးရန် အချိန်လိုသေးသဖြင့် တစုံတရာ ပြောဆိုရန် ငြင်းဆန်သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here