ဟစ်တလာ ရေးဆွဲသည့် ပန်းချီကားများ လေလံတင်မည်

alt

အဒေါ့ ဟစ်တလာ ကိုယ်တိုင် ရေးဆွဲထားသည့် ရေဆေး ပန်းချီကား (၁၃)ချပ်ကို ဧပြီလအတွင်း လေလံတင် ရောင်းချ သွားမည်ဟု သိရှိရသည်။

ဗြိတိန် တပ်မတော် အရာရှိတဦးက (၁၉၄၅) ခုနှစ် အတွင်း ဂျာမနီနိုင်ငံ၊ အက်ဆက်တွင် ရှာဖွေ သိမ်းဆည်း မိခဲ့သော အဆိုပါ ပန်းချီကား များတွင် (၁၉၁၀) ခုနှစ်က ဟစ်တလာ၏ အသက်(၂၁)နှစ် အရွယ် ပုံရိပ်ကို သရုပ်ဖော်ထားသည့် ပန်းချီကား တချပ်လည်း ပါ၀င်သည်။

လူ့သမိုင်း တလျှောက် အဆိုးရွားဆုံး စစ် ရာဇဝတ်ကောင်ကြီးပင် ဖြစ်လင့်ကစား အနုပညာတွင် ၀ါသနာ ထုံသော ဟစ်တလာ၏ ပန်းချီများကို အများပြည်သူများ ကြည့်ရှုနိုင်ရန် ပြသထားခဲ့ရာမှ ဧပြီလ(၂၃) ရက်နေ့တွင် ရှော့ပ်ရှိုင်းယား အရပ်၌ လေလံတင် သွားရန် သတ်မှတ် လိုက်ပြီဖြစ်သည်။

ပန်းချီကားများတွင် ပန်းပွင့်များ၊ ရှုခင်းပုံများလည်း ပါ၀င်ကြောင်း သိရှိရသည်။ ဟစ်တလာသည် ပန်းချီကို ၀ါသနာပါခဲ့သူ တဦးဖြစ်ပြီး ၎င်း ငယ်ရွယ်စဉ် (၁၉၀၇) ခုနှစ်နှင့် (၁၉၀၈) ခုနှစ်များ အတွင်း ဩစတြီးယားနိုင်ငံ၊ ဗီယန်နာရှိ Fine Arts Academy ကျောင်းတွင် ပညာသင်ယူရန် လျှောက်လွှာ နှစ်ကြိမ် တင်ခဲ့သော်လည်း အရည်အချင်း မပြည့်မီ ဆိုသော အကြောင်းပြချက်ဖြင့် နှစ်ကြိမ်လုံး ငြင်းပယ် ခံခဲ့ရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here