“ကမာ္ဘမြေရဲ့ အချိန်” အတွက်် ဂုဏ်ပြု မီးပိတ်ခဲ့

alt

ရာစုနှစ်များ၏ အမေရိကန် တီထွင်ပါရဂူ ဉာဏ်ကြီးရှင် သောမတ်(စ်) အယ်ဒီဆင်သည် ကမာ္ဘမြေအား ကမာ္ဘ့ ပတ်ဝန်းကျင်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုများ စွမ်းဆောင် ခဲ့ခြင်း၊ ကမာ္ဘ့ တောက်ပသော အနာဂါတ် နှင့် ညအမှောင်ထု တွင်းမှ

အလင်းဆောင်ကျင်း ပေးခဲ့ခြင်းအား ဂုဏ်ပြုသော အားဖြင့် ကမာ္ဘမြေရဲ့ အချိန်နေ့ အဖြစ် မတ်လ (၂၈) ရက် ည ၈း၃၀ မှ ၉း၃၀ အထိ ၁နာရီကြာ တကမာ္ဘလုံး အနေအထားဖြင့် လျှပ်စစ်မီးများ ပိတ်ထား ခဲ့ကြသည်ဟု သိရှိရသည်။

ယခုနှစ်တွင် နိုင်ငံပေါင်း ၈၄နိုင်ငံ မြို့ကြီးပေါင်း ၂၀၀၀ ကျော်ရှိ လူပေါင်း သန်း၁ထောင်ကျော်သည် ည၈း၃၀ မှ ၉း၃၀ အထိ ၁နာရီ မီးများပိတ်ကာ လျှပ်စစ်မီးတီထွင်ခဲ့သူ သောမတ်(စ်) အယ်ဒီဆင်အား ဂုဏ်ပြုကြမည်ဟု သိရှိရသည်။

ယခုအကြံအဉာဏ်ကို ၁၉၆၂ ခုနှစ်က အမေရိကန် ဇီဝဗေဒ ပညာရှင် ရေချယ်လ် ကာလ်ဆင်က သူမ ထုတ်ဝေခဲ့သော “တိတ်ဆိတ်ငြိမ်သက်သော နွေဦး” စာအုပ်တွင်ထည့်သွင်း ရေးဖွဲ့ထားခြင်းမှ အကြံအဉာဏ် ဖွံ့ဖြိုးထွန်းကား လာခြင်းဖြစ်ကာ ၁၉၉၂ ခုနှစ် ဘရာဇီးနိုင်ငံ ရီယိုဒီ ဂျနေရိုးမြို့တွင် ကျင်းပသော the United Nations Conference on Environment and Development (UNCED), ၏ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကမာ္ဘမြေ ထိပ်သီးညီလာခံတွင် ယင်းအဆိုကို ထည့်သွင်း စဉ်းစားခဲ့ကြသေးသည်ဟု သိရှိရသည်။

ယခုနှစ်တွင် ဒေသစံတော်ချိန် အလိုက် ပထမဆုံးအကြိမ် အဖြစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ကြခြင်း ဖြစ်ပြီး၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချူပ် ဘန်ကီမွန်းက “ ဒီအကျိုးကျေးဇူးဟာ အထိမ်းအမှတ်လဲဖြစ်၊ စွမ်းအင် ချွေတာရာလဲ ရောက်သမို့ ဒီလိုလှုပ်ရှားမှုကို တမာ္ဘလုံး အနာဂါတ်အတွက် အတူတွဲ လုပ်ဆောင်သွားကြ ” ဖို့ တိုက်တွန်း နှိုးဆော်လိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here