မက်ဒေါနား မာလဝီမှ ခလေး ဒုတိယအကြိမ် မွေးစားဦးမည်

alt

ဆင်းရဲနွမ်းပါးသော အာဖရိက တိုက် အလယ်ပိုင်း နိုင်ငံတခု ဖြစ်သော မာလဝီ နိုင်ငံမှ အသက် ၄ နှစ်အရွယ် မာစီဂျိမ်း အမည်ရှိ မိန်းခလေး တဦး အား အမေရိကန် ပေါ့ (ပ်) အဆိုတော် မက်ဒေါနားမှ တရားဝင်

မွေးစာနိုင်ရန်အတွက် စာရွက် စာတမ်းကိစ္စများ ဆောင်ရွက် နေသည်ဟု သောကြာနေ့က ကြေညာ လိုက်သည်။

မချင်ဂျီ မိဘမဲ့ ကလေးများ ဂေဟာမှ မာစီဂျိမ်း ဆိုသည့် အဖေအမေမဲ့သော မိန်းခလေးအား စာရွက်စာတမ်း ကိစ္စများ ယနေ့ပြီးစီး၍ နောက်အပါတ် ဆိုလျှင် တရားရုံးကြားနာမှု ပြုလုပ် ပြီးလျှင် လုပ်ငန်း ဆောင်တာများ ပြီးစီးပြီဟု မာလဝီ အမျိုးသားရေး နှင့် ကလေးငယ်များ ဆိုင်ရာ ဖွံဖြိုး တိုးတက်ရေး ဋ္ဌာနမှ ရိုက်တာ သတင်းဋ္ဌာနသို့ ပြောကြား လိုက်သည်၊ ယခု သတင်းများ ကြောင့် ဟောလီးဝုဒ် သတင်း လောကတွင်လည်း မက်ဒေါနား မှာလည်း ယခင်က မိဘမဲ့ ဖြစ်ဖူး၍ ယခုကဲ့သို့ ပြုမူခြင်း ဖြစ်သည်ဟု ပါးစပ် သတင်းများ အရ ဆိုသည်။

အသက် ၅၀ ရှိပြီ ဖြစ်သော မက်ဒေါနားမှာ လွန်ခဲ့သောနှစ်များက ရုပ်ရှင်ဒါရိုက်တာ ဂိုင်းရစ်ချီ နှင့် ကွာရှင်းပြတ်စဲ ခဲ့ပြီး၊ ယခုအခါ အမေရိကန် နိုင်ငံတလွှား ဘရစ်တနီ စဖီးယား နှင့် ပူးတွဲ ကွန်ဆတ်ရှိုးများ ပြုလုပ်နေပြီး၊ မကြာသေးမှီ ကမှ ရောင်းချ လိုက်သော တသက်တာ အောင်မြင် ခဲ့သည့် တေးသီချင်းများ အယ်လ်ဘမ ်မှာ အချပ်ရေ သန်း ၂၀၀ ကျော် ရောင်းချ ထားရပြီ ဖြစ် သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here