ဂျွန်တယ်ရီ၏ အမေ နှင့် ယောက်ခမ စတိုးဆိုင်များ ၌ အလစ်သုတ်

alt

ချယ်လ်ဆီး ခံစစ်မှူး နှင့် အင်္ဂလန် လက်ရွေးစင် ဂျွန်တယ်ရီ၏ အမေဖြစ်သူ စူးတယ်ရီ (အသက်-၅၀နှစ်) နှင့် ယောက်ခမ စူးပိုးလ် ( အသက်-၅၄နှစ်) တို့အား မတ်စပင်ဆာ နှင့် တက်စကို စတိုးများတွင် အလစ်သုတ်မှု နှင့် ဖမ်းဆီး

လိုက်ကြောင်း လန်ဒန်ရှိ မစ်ဒယ်လ်ဆက်(စ်) မြို့နယ် စတိန်းလက် ရဲစခမ်း မှ ယမန်နေ့က ထုတ်ဖေါ် ပြောကြား လိုက်သည်။

ချယ်လ်ဆီးအသင်းမှ တပါတ်လျှင် စတာလင်ပေါင် ၁၃၅၀၀၀ ရရှိသော ဂျွန်တယ်ရီမှာ ယောက်ခမ နှင့် အမေ ဖြစ်သူတို့ အား လန်ဒန်မြို့ သူကြွယ်များ နေထိုင်ရာ ဆာရေးအရပ်ရှိ အောက်(စ်)ရှု့တ်(ထ်) လမ်းတွင် လွန်ခဲ့သော နှစ်များဆီက အိမ်သီးခြားစီ ဝယ်ယူ ပေးခဲ့သည်ဟု သတင်းများက ဆိုသည်။

လွန်ခဲ့သော အပါတ်ဗုဒ္ဓဟူးနေ့က လန်ဒန်မြို့ ဆာရေး၊ ဝေးလ်ဘရစ်အရပ် ဘရွတ်ကလင်း ကုန်ပဒေသာ ဆိုင်ဝန်းအတွင်းရှိ တက်စကို၊ မတ် နှင် စပင်ဆာ ဆိုင်များတွင် အလစ်သုတ် ခဲ့သဖြင့် ဆိုင်လုံခြံုရေး ဝန်ထမ်းများ ညနေ ၃နာရီတွင် အကြောင်းကြားလာသဖြင့် ဖမ်းဆီးရခြင်း ဖြစ်ကြောင်း အာဏာပိုင် လန်ဒန် ရဲတပ်ဖွဲ့မှ ပြောဆိုသည်။

မျက်မြင်သက်သေများ ပြောကြားချက်အရ မတ် နှင် စပင်ဆာဆိုင်တွင် အလစ်သုတ်ထားသော ပစ္စည်းများ တင်ဆောင်ပြီး တက်စကိုတွင် ပစ္စည်းများ ပြန်လည် ထပ်မံယူဆောင်ရန် ပြင်ဆင် နေချိန်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်၊ သားဖြစ်သူ ဂျွန်တယ်ရီ ၏ ရှေ့နေ အန်ဂပ်(စ်) မက်ဘရစ် ကမူ ကံမကောင်းလို့ နားလည်မှု လွဲမှားတာပါ၊ အပြစ် သေးသေးလေးတွေပါ၊ ပထမဆုံး အကြိမ်မို့ အာမခံနဲ့တင် ပြန်လွတ်ကြ မှာပါဟု ပြောဆိုသောလဲ အင်္ဂလန် ဘောလုံး ပရိသတ်ကြီး ကမူ ဤဖြစ်ရပ်မှာ ဂျွန်တယ်ရီ၏ သိက္ခာပိုင်းဆိုင်ရာ အတွက် အတော်ပင် ထိတ်လန့် တုန်လှုပ်ဖွယ်ရာပင် ဖြစ်သည်ဟု သုံးသပ် ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here