သမတ ဘားရက် အိုဘားမား American Idol အစီအစဉ်တွင် ပါဝင်စေလို

alt

အမေရိကန် အိုင်ဒေါ အဆုံးအဖြတ်ဒိုင် ဆိုင်မွန် ကောဝဲ က ၎င်းသည် အမေရိကန် သမတကြီး ဘာရက် အိုဘားမား အား American Idol အစီအစဉ်တွင် ပါ၀င် လာစေချင်ကြောင်း ပြောဆိုလိုက်သည်။

ကောဝဲ ၏ American Idol အစီအစဉ်သည် ဖျော်ဖြေရေး ကဏ္ဍတွင် အစဉ်အလာနှင့် ဩဇာအာဏာ ကြီးမားသည့် အစီအစဉ် တခုအဖြစ် ရပ်တည်လျှက် ရှိသည်။

ထို အစီအစဉ်တွင် နာမည်ကျော် အတော်များများ လာရောက်ပူးပေါင်း ပါ၀င်လေ့ ရှိသော်လည်း ကောဝဲက အမေရိကန် ပြည်ထောင်စု၏ ဩဇာအာဏာ အကြီးမားဆုံး ပုဂ္ဂိုလ် ဘာရက် အိုဘားမား ကိုပါ အစီအစဉ် အတွင်း ပါ၀င်လာစေရန် ဆန္ဒ ပြင်းပြနေသည်။

www.digitalspy.com ၏ ဖော်ပြချက်အရ ကောဝဲသည် အသံလွှင့်ဌာန တခုသို့ အိုဘားမား အား အစီအစဉ်အတွက် ဖိတ်ခေါ်နိုင်ရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။ ကောဝဲ နှင့် အိုဘားမား တို့သည် Tonight Show အစီအစဉ်တွင် တွေ့ဆုံခဲ့ပြီး ဖြစ်သလို ထိုစဉ်က ကောဝဲ က အိုဘားမားသည် အလွန် နှစ်လိုဖွယ်ကောင်းသည့် ပုဂ္ဂိုလ်တဦး ဖြစ်ကြောင်း မှတ်ချက်ပြုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here