အနောက်နိုင်ငံများ၏ ပိတ်ဆို့မှု အပေါ် အီရန်သမတ ရှုတ်ချ

alt

အနောက် နိုင်ငံများ၏ ပိတ်ဆို့မှု များကြောင့် အီရန်နိုင်ငံ အနေနှင့် နစ်နာခဲ့ရကြောင်း အီရန်သမတ မိုဟာမက် အမာဒီနီဂျတ် က ပြောကြား လိုက်သည်။

မြန်မာ၊ မြောက်ကိုရီးယား၊ ကျူးဘား ကဲ့သို့သော နိုင်ငံများ အနေနှင့် အမေရိကန် ဦးဆောင်သော အနောက်နိုင်ငံများ၏ ပိတ်ဆို့မှု အတွက် သိသိသာသာ ဆိုးရွားသည့် အနေအထား မရှိသည့်တိုင် အီရန်နိုင်ငံ၏ အခြေအနေ ကမူ တမျိုး တဘာသာ ကွဲပြားကြကြောင်း အမာနီဒီဂျတ် ကဆိုသည်။

သမတ ဂျော့ဘုရှ် လက်ထက် ကတည်းက အီရန်နိုင်ငံကို ပိတ်ဆို့ ထားခဲ့သည်မှာ (၅)နှစ်ရှိပြီ ဖြစ်ပြီး ဥရောပ ယူနီယံ ကပါ အီရန်ကို အထီးကျန် နိုင်ငံတခုဖြစ်အောင် စွပ်စွဲနေကြောင်း အမာနီဒီဂျတ်က စွပ်စွဲထားပြီး အစ္စရေးသည်လည်း အရှေ့ အလယ်ပိုင်းဒေသတွင် လူမျိုးရေး စစ်ပွဲများ ပေါ်ပေါက်လာအောင် ကျူးကျော် ရန်စနေသည်ဟု ဆက်လက် ပြောကြားလိုက်သည်။

အမေရိကန်၏ လက်ရှိ သမတသစ် ဘာရက် အိုဘားမား ကလည်း အီရန်နိုင်ငံကို စီးပွားရေးအရ ပိတ်ဆို့မှု သက်တမ်း တိုးလိုက်ခြင်းသည် အမေရိကန် အနေနှင့် လွတ်လပ်သော နိုင်ငံတခု၏ အချုပ်အခြာ အာဏာကို စော်ကားလိုက်ခြင်းသာ ဖြစ်ကြောင်း အမာနီဒီဂျတ်က ကြေငြာခဲ့သည်။

အီရန်နိုင်ငံ၏ နျူကလီးယား စီမံကိန်း အပေါ် အမေရိကန်ရော၊ အစ္စရေးကပါ သတိကြီးစွာဖြင့် စောင့်ကြည့်နေပြီး အတတ်နိုင်ဆုံး စစ်ရေးအရ အရေးမယူဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here