မြောက်ဥက္ကလာပ တွင် ဗုံးပေါက်ကွဲပြန်

alt

မတ်လ ၂၆ရက်၊ ၁၆ း ၂၀ နာရီတွင် အမှတ် ၆၆/၆၇၊ သုဓမ္မာလမ်း၊ (ဌ) ရပ်ကွက်၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ တော်ဝင်နန်း တည်းခိုခန်း၊ ဒုတိယထပ် အခန်းအမှတ် (F1 ) တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အခန်းထဲတွင် အမျိုးသား တဦး သေဆုံးခဲ့သည်။

ထိုအခန်းမှာ မြိုင်မြို့နယ်မှ သီဟ အမည်ဖြင့် တည်းခိုသော အခန်းဟု သိရသည်။ ထိုသေဆုံးသူ၏ အခန်းထဲတွင် ၀ါယာကြိုများ၊ ယမ်းထုတ်၊ ချိန်ကိုက်နာရီကိုယ်ထည်၊ ဓါတ်ခဲများကို တွေ့ရှိရသည်ဟု သိရသည်။ အခန်းအမှတ်(F 5) တွင် တည်းခိုလျက်ရှိသည့် နိုင်ဇာလင်းဆိုသူမှာ ဒါဏ်ရာရရှိခဲ့သည်။

သတင်း ( LO -စိတ်ပညာ )

LEAVE A REPLY

Please enter your comment!
Please enter your name here