အမေရိကန် လေကြောင်းလိုင်းများ အကျိုးအမြတ်ရနိုင် သေးသည်ဟု ခန့်မှန်း

alt

အမေရိကန် လေကြောင်းလိုင်းများ အနေ နှင့် ယခုနှစ် အတွက် ငွေကြေး အကျိုးအမြတ် ရရှိနိုင် သေးသည် ဟု အမေရိကန် လေကြောင်း လိုင်းများ စုပေါင်း အဖွဲ့ချုပ် အမှုဆောင် တစ်ဦးက ခန့်မှန်း လိုက်သည်။

ကမာ္ဘ့စီးပွားပျက်ကပ်ကြောင့် လေယာဉ်စီး ခရီးသည်ဦးရေ (၁၅) ရာခိုင်နှုန်း ကျဆင်း သွားသော်လည်း (၂၀၀၉) ခုနှစ်တွင် လေကြောင်း လိုင်း များသည် ငွေကြေးပိုင်း တွင် အမြတ်အစွန်းများ ရရှိနိုင်သေးသည်ဟု စကော့ကာဘီ ကဆိုသည်။ အစိုးရအနေနှင့် အခွန်အခများ လျှော့ချပေးခြင်းသည်လည်း လေကြောင်းလိုင်းများ ၏ ငွေကြေးဆိုင်ရာ အခြေအနေကို ကောင်းမွန်သော သက်ရောက်မှုများ ဖြစ်လာ စေခဲ့ကြောင်း ၎င်းကရှင်းပြသည်။

အမြတ်အစွန်းများ ကျဆင်းလာမှုကြောင့် နိုင်ငံတကာ အစိုးရများ သည် လေကြောင်း ကုမ္ပဏီ များ ထမ်းဆောင် နေရသော အခွန်ကို (၁၂) ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင်ကြောင်း ဈေးကွက်သုတေသီများက ခန့်မှန်း ခဲ့ကြသည်။ ကာဘီက ဖေဖော်ဝါရီ လလယ်မှစပြီး ခရီးသည်အရေအတွက် ထိုးကျ သွားသော်လည်း လေကြောင်းလိုင်းများ သည် Discount ချပေးခြင်းကဲ့သို့ ဆွဲဆောင်မှုများဖြင့် အခြေအနေ ကို ထိန်းသိမ်း နေကြကြောင်း ရှင်းပြ သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here