ကမ္ဘာ့ဈေး အပေါဆုံးကားများ ဗြိတိန် ဈေးကွက်တွင် ရောင်းချမည်

alt

ကမာ္ဘ့ဈေး အပေါဆုံးကား အဖြစ် စံချိန် တင်ထား သည့် မော်တော်ကားလေးများ ကို ဗြိတိန် ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချ သွားရန် ပြင်ဆင် နေကြကြောင်း သိရှိရသည်။

ပေါင်စတာလင် (၁၃၉၀)မျှသာ ကျသင့်မည့် နာနို နည်းပညာသုံး လေးယောက်စီး ကားလေး Tata Nano ကို ဥရောပနှင့် ဗြိတိန် တို့တွင် ရောင်းချ သွားနိုင်ရန် စီစဉ် နေကြောင်း Tata ကုမ္ပဏီမှ အကြီးအကဲ့ ရာတန်တာတာက ပြောကြားခဲ့သည်။ ဒေါ်လာ(၁၀၀၀)ကျော်မျှ ငွေပမာဏသည် တစ်နှစ်စာ မီးရထားလက်မှတ် (သို့မဟုတ်) စကူတာတစ်စင်း (သို့မဟုတ်) အဆင့်မြင့် ပြိုင်ဘီးတစ်စင်းအား ၀ယ်ယူနိုင်ရုံမျှသာ ရှိသော်လည်း ယခုအခါတွင်တော့ အသစ်စက်စက် ကားတစ်စင်း ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး ရလာခဲ့ကြောင်း ရာတန်တာတာ ကဆိုသည်။ ၎င်းက ယခုအခါတွင် မော်တော်ကားလေးများ အား ဈေးကွက်ဖြန့်နိုင်ရေး အရေအတွက်များများ ထုတ်လုပ်သွားရန် အဓိကလိုအပ်နေကြောင်း ၀န်ခံခဲ့သည်။

ရာတန်တာတာသည် စကူတာကဲ့သို့ အကာအရံမပါသည့် ယာဉ်ငယ်များ စီးနင်းခြင်းကြောင့် မိသားစုများ သေကြေ ထိခိုက်မှုနှုန်း တိုးတက် လာသည်ကို သတိထားမိပြီးနောက် ထိုကားလေး ကို ထုတ်လုပ်ရန် စိတ်ကူးရမိကြောင်း ပြောကြားခဲ့သည်။ ရာတန်တာတာက ၎င်း၏ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းအခြေစိုက် ကုမ္ပဏီအနေနှင့် ယခုနှစ်အတွင်း ကားငယ်အစီး(၅၀၀၀၀)ရောင်းချသွားရန် ပစ်မှတ်ထားရှိကြောင်း၊ သို့သော်လည်း (၂၀၁၀)ခုနှစ် နောက်ပိုင်းတွင်မူ မော်တော်ကားငယ် (၃၅၀၀၀၀)ထိ နှစ်စဉ်ထုတ်လုပ်သွားရန် မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here