အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်နေပြီဟု စပါး ကွင်းလယ် လူ ပြော

alt

တော့တင်ဟမ်ဟော့ စပါး ကွင်းလယ်လူ လူကာမိုဒရစ် က ၎င်း၏ အကောင်းဆုံး ခြေစွမ်း ကို ပိုင်ဆိုင်နေပြီဟု ၀ံ့ကြွား ပြောဆို ခဲ့သည်။

ဒိုင်နမိုဇာဂရက်မှ ပြောင်းရွှေ့ ရောက်ရှိ လာသည့် ခရိုအေးရှား လက်ရွေးစင် အလယ်တန်းသမားသည် ပရီးမီးယားလိဂ် တွင် ကောင်းစွာ အထိုင်မကျဘဲ ဖိအားဒါဏ် ကို ခံခဲ့ ရသည်။ သို့သော်လည်း ချဲလ်ဆီးအသင်းအား တော့တင်ဟမ်က အနိုင်ရရှိသည့်ပွဲတွင် မိုဒရစ်က တော့တင်ဟမ် အတွက် တစ်လုံးတည်း သော အနိုင်ဂိုး ကို သွင်းယူပေးပြီး တော့တင်ဟမ် က (၁) ဂိုး၊ ဂိုးမရှိ ဖြင့် အနိုင် ရခဲ့သည်။

မိုဒရစ်က ချဲလ်ဆီးကဲ့သို့ ထိပ်တန်းအသင်းကြီးကို ဂိုးသွင်းနိုင်သဖြင့် ကျေနပ်မဆုံး ဖြစ်မိကြောင်း၊ ထိုဂိုးကြောင့် ၎င်းမှာ အင်္ဂလန်တွင် ကစားနေသည့် အကောင်းဆုံး ကွင်းလယ်လူ တစ်ဦးဟု မှတ်ကျောက်တင်ခံနိုင်ခဲ့ကြောင်း မိုဒရစ် ကဆိုသည်။ ပွဲစဉ်အတွင်း မိုဒရစ်၏ ခြေစွမ်းပြမှုကို တော့တင်ဟမ်နည်းပြ ဟာရီရက်နပ် ကလည်း ချီးကျူးခဲ့ပြီး မိုဒရစ်မှာ ယခုထက် ခြေစွမ်းပြ လာမည့် ပါရမီရှင် ဟု ညွှန်းဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here