Harry Potter သရုပ်ဆောင်များအား ဂီတဖျော်ဖြေပွဲသို့ မိုက်ကယ်ဂျက်ဆင် ဖိတ်ကြား

alt

Popဂီတ ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင် သည် Harry Potter ဇာတ်ကားမှ သရုပ်ဆောင်လေးများ ကို ဇူလိုင်လ အတွင်း ကျင်းပ ပြုလုပ်မည့် ၎င်း၏ ဖျော်ဖြေပွဲကြီး ၏ အဖွင့်ည သို့ တက်ရောက် ပါရန် ဖိတ်ကြား လိုက်သည်။

အသက်(၅၀)အရွယ် ဂျက်ဆင်က ဒယ်နီရယ်ရက်ကလစ်၊ အေမာဝပ်ဆန်၊ ရူးပတ်ဂရန့် တို့အား အထူး ဧည့်သည်တော်များ အဖြစ် ဖိတ်ကြား ထားကြောင်း အတည်ပြု ခဲ့သည်။ ၎င်းနှင့်နီးစပ်သော အသိုင်းအဝိုင်းက The Sun သို့ ပြောကြားခဲ့ရာတွင် ဂျက်ဆင်သည် Harry Potter ရုပ်ရှင်များနှင့် စာအုပ်များအား စွဲလန်းစွာ ဖတ်ရှုလေ့ရှိသည့် ပရိသတ် တစ်ဦးဟု သိရသည်။

ဆယ်ကျော်သက် သရုပ်ဆောင်လေးများသည် ဂျက်ဆင်၏ ဖိတ်ကြားမှုအတွက် ပျော်ရွှင်နေကြပြီး (၃) ယောက်စလုံး မိုက်ကယ်၏ ဖျော်ဖြေမှု ဖွင့်ပွဲသို့ တက်ရောက်ရန် ပြင်ဆင်နေကြကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here