ကြက်သား စားခြင်းဖြင့် အသက်ရှည် နိုင်သည်ဟု သုတေသီများ ပြောကြား

alt

ကြက်သားစား ခြင်းသည် အသက်ရှည်မှု ၏ လျှို့ဝှက်ချက် တခု ဖြစ်ကြောင်း သုတေသီများက ပြောဆို သုံးသပ် လိုက်သည်။ မေရီလန်း ရှိ အမေရိကန် အမျိုးသား ပညာရေး ဌာနမှ ဆရာဝန်များက သုတေသနပြုသူ (၇၀၀၀၀) ခန့်၏ နေထိုင် စားသောက်မှု

ဓလေ့စရိုက်များ ကို လေ့လာပြီး ယခုကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာရက်ရှမီ ဆင်ဟာ ဦးဆောင်သော သုတေသီ အဖွဲ့သည် ကြက်သားစား ခြင်းကြောင့် အမြင်အာရုံ ပိုမို ကောင်းမွန်လာ နိုင်ကြောင်း အစောပိုင်း သုတေသန ရလဒ်များ အရ တွေ့ရှိ ခဲ့သေးသည်။ ၎င်းတို့သည် အမျိုးသား (၄၇၉၇၆) ဦးနှင့် အမျိုးသမီး (၂၃၂၇၆) ဦး၏ နေထိုင်မှုပုံစံများကို စနစ်တကျ လေ့လာမှုများ ပြုလုပ် ခဲ့ပြီး ၎င်းတို့ ၏ သက်တမ်းကို မှတ်သားခဲ့ကြောင်း ဒေါက်တာ ရက်ရှမီ က ရှင်းပြ ခဲ့သည်။ ၎င်း၏အဆိုအရ ကြက်သားပုံမှန် စားလေ့ ရှိသည့် ၀က်သားနှင့် အမဲသားကဲ့သို့ အနီရောင်အသားများ အကြိမ် များများစားသူများထက် ယျေဘူယျ အားဖြင့် အသက်ရှည်ရှည် နေရ တတ်ကြောင်း သိရှိရသည်။

ပုံမှန်အားဖြင့် အသားစားခြင်းသည် ကျန်းမာရေးအတွက် မကောင်းသော်လည်း ကြက်သားတွင် ဓာတ်ဆားများ၊ သံဓာတ်၊ ဆီလီနီယမ်၊ သွပ်ဓာတ် နှင့် ဗီတာမင် B အုပ်စုဝင် ဓာတ်သဘာဝများ ပါ၀င်နေသဖြင့် ကျန်းမာရေး အတွက် အထောက်အကူ ပြုနိုင်ကြောင်း ဒေါက်တာ ရက်ရှမီက ရှင်းပြ သွားသည်။

alt

LEAVE A REPLY

Please enter your comment!
Please enter your name here